ဘာစီလိုနာသည် လာမည့်နွေရာသီတွင် ချဲလ်ဆီးအသင်းမှ ကစားသမားနှစ်ဦးဖြစ်သော အူဘာမီယန်နှင့် ကန်တေတို့ကို ခေါ်ယူရန်ရှိနေသည်။ ကန်တေသည် လက်ရှိဘောလုံးရာသီအကုန်တွင် ချဲလ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးရေးဆွေးနွေးနေသည်။
အူဘာမီယန်သည ၂၀၂၂ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ဘာဆာမှ ချဲလ်ဆီးသို့ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ချဲလ်ဆီးတွင် နေရာမရဖြစ်နေသောကြောင့် စပိန်သို့ ပြန်လိုနေသည်။ ဘာစီလိုနာသည် ဇွန်လပထမပတ်အတွင် အူဘာမီယန်၏သဘောထားကို သိရှိလိုနေကြောင်းသတင်းများက ဖော်ပြသည်။ ထို့ပြင် ဇာဗီးသည် ကန်တေကို ၂ နှစ်စာချုပ် ဖြင့်ကမ်းလှမ်းရန်ရှိကြောင်းလည်း မီဒီယာများက ဆက်လက်ဖော်ပြသည်။
ကန်တေသည် ၂၀၁၆ တွင် ပရီးမီးယားလိဂ်ကလပ် လက်စတာမှ ချဲလ်ဆီးသို့ပေါင်သန်း ၃၀ ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ ကန်တေသည် ၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းရရှိရေးအတွက် အဓိကနေရာမှ ကစားပေးခဲ့ပြီး ချဲလ်ဆီးနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် အက်ဖ်အေဖလား ယူရိုပါလိဂ်တို့ကို ဆွတ်ခူးထားသည်။ ကန်တေသည် ပေါင်တွင်းကြောဒဏ်ရာကြောင့် ချဲလ်ဆီးတွင် ကာလရှည်ပါဝင်ကစားနိုင်ခြင်းမရှိဖြစ်ခဲ့ကာ မကြာမီကမှ ပြန်လည်ပါဝင်လာနိုင်ခြင်းဖြစ်သည်။ ချဲလ်ဆီးကလည်း ကန်တေကို ၂၀၂၅ အထိစာချုပ်သက်တမ်းတိုးရန်ဆွေးနွေးနေခြင်းဖြစ်သည်။