ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ ဆီဘက်ရှန်ခါးလ်က အသင်းတိုက်စစ်မှူး ဟော်လန်းအနေဖြင့် လာမည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဟော်လန်း(၂၁ နှစ်)၏ လျော်ကြေးမှာ လာမည့်နွေတွင် ပေါင်(၆၄)သန်းသာရှိတော့မည်ဖြစ်ရာ ၎င်းကိုခေါ်ယူရန် PSG၊ ရီးယဲလ်၊ မန်စီးတီးအပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြသည်။
သို့သော် ဆီဘက်ရှန်ခါးလ်က “ဟော်လန်းအနေနဲ့ လာမယ့်နွေမှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာမဟုတ်ပါဘူး။ ကျွန်တော် လောင်းရဲပါတယ်” ဟု ပြောကြားခဲ့သည်။