spot_img

လာဇီယိုအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် သွင်းယူခဲ့သည့် (၂)ဂိုးကြောင့် အင်တာမီလန်တိုက်စစ်မှူး လူကာကူကစားသမားဘ၀ ဂိုး (၃၀၀)ပြည့်မြောက်

အင်တာမီလန်အသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူသည် လာဇီယိုအသင်းကို (၃-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ရာ ကစားသမားဘ၀ သွင်းဂိုး (၃၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

လူကာကူသည် ယင်းပွဲတွင် ပွဲချိန် (၂၂)မိနစ်၌ အင်တာမီလန်အသင်းအတွက် အဖွင့်ဂိုးကို ပယ်နယ်တီက တစ်ဆင့်သွင်းယူပေးခဲ့ပြီးနောက် ပထမပိုင်းပြီးခါနီးအချိန်တွင် လက်ရွေးစင်နှင့် ကလပ်အသင်းသွင်းဂိုး ပေါင်း (၃၀၀) ပြည့်မြောက်စေမည့်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

myan789

လူကာကူသည် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းသမိုင်းတွင် သွင်းဂိုး (၅၇)ဂိုးဖြင့် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်တင်ထားသူဖြစ်သည်။

သူသည် ကလပ်အသင်းကစားသမား ဘဝတွင်မူ စုစုပေါင်း (၂၄၃)ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ဂိုး (၃၀၀)ပြည့်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။

အသက် (၂၇)နှစ်အရွယ်ရှိ လူကာကူသည် သွင်းဂိုး (၃၀၀)အတွက် လက်ရွေးစင်နှင့် ကလပ်အသင်း ပွဲအရေအတွက် စုစုပေါင်း (၅၈၂) ပွဲကစား ခဲ့ပြီး၊ တစ်ပွဲပျမ်းမျှသွင်းဂိုးမှာ (ဝ.၅၁)ဂိုးနှုန်းသွင်းယူခဲ့ကြောင်း သိရှိရသည်။

လူကာကူ၏ သွင်းဂိုးမှတ်တမ်း
အန်ဒါလက်ချ် – ၄၁ ဂိုး
ချယ်လ်ဆီး – ၀ ဂိုး
ဝက်စ်ဘရွန်း – ၁၇ ဂိုး
အဲဗာတန် – ၈၇ ဂိုး
မန်ယူ – ၄၂ ဂိုး
အင်တာမီလန် – ၅၆ ဂိုး
ဘယ်လ်ဂျီယံ – ၅၇ ဂိုး

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular