မန်စီးတီးအသင်းသည် အသင်း နှင့်လမ်းခွဲရန်ဆန္ဒရှိနေသည့် အင်္ဂလန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား စတာလင်အား ရောင်းချခြင်းမှ ပေါင်သန်း(၈၀)ခန့်ရဖွယ်ရှိကြောင်း သိရသည်။
စတာလင်သည် သူ၏ကစားသမားဘဝ၌ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်ဆန္ဒရှိနေပြီး အသင်းပြောင်းရွှေ့လိုနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
စတာလင်သည် မန်စီးတီးအ သင်းတွင် စာချုပ်သက်တမ်း(၂)နှစ်သာကျန်ရှိတော့ပြီး လာမည့်နွေရာသီတွင် သူ၏ စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိလာမည်ဖြစ်သည်။
ယင်းအချိန်၌ သူ၏အပြောင်းအရွှေ့တန်ဖိုးမှာ စာချုပ်လက်ကျန်သက်တမ်းအရ များစွာလျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ မန်စီးတီးအသင်းအနေဖြင့် စတာလင်အား ရေရှည်ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်ပါက ပြောင်းရွှေ့ကြေးများများစားစားရရှိရန် ယခုနွေရာသီအတွင်း ရောင်းချရမည်ဖြစ်ကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။
ယင်းသတင်းစာ၏ ဖော်ပြချက် အရ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း စတာလင်အား ရောင်းချပါက မန်စီးတီးအသင်းအနေဖြင့် ပေါင်သန်း(၈၀)ခန့် ရရှိနိုင်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယင်းငွေကြေးအား စပါးတိုက်စစ်မှူး ဟာရီကိန်း (သို့မဟုတ်) ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်တို့အား ဝယ်ယူရာ၌ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
၎င်းတို့နှစ်ဦး၏ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း(၁၀၀)ခန့်စီ ရှိနိုင်ကြောင်း The Athletic က ဖော်ပြခဲ့သည်။