spot_img

လန်ဒန်မှ ကလေး တစု အတွက် ခရစ်စမတ် အကြို လက်ဆောင် ပေးအပြီး ကားဖောက်ခံခဲ့ရတဲ့ ရိစ်ဂျိမ်းစ်

ချဲလ်ဆီး အသင်း ရဲ့ အသက် ၂၁ နှစ် အရွယ် ၊ အင်္ဂလန် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဟာ မနေ့က ခရစ်စမတ် အကြို အနေနဲ့ လန်ဒန်မြို့ ရဲ့ ကျောင်းတကျောင်း မှ ကလေးငယ် တစု အတွက် လက်ဆောင် သွားပေးအပြီး ၊ ကားဖောက်ခံခဲ့ရကြောင်း သိရပါတယ် ။

ရိစ်ဂျိမ်းစ် ဟာ ချဲလ်ဆီး ကစားသမား တွေအထဲ ပရဟိတ လုပ်ငန်းတွေမှာ အထူး တက်ကြွစွာ လုပ်ဆောင်နေသူ တဦး ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၈လ အလွန် ကတည်းက လန်ဒန် အခြေစိုက် ပရဟိတ အသင်းအဖွဲ့ ဖြစ်တဲ့ ‘ The Felix Project ‘ ရ့ အဖွဲ့သား တဦး အဖြစ် ရိစ်ဂျိမ်းစ် ပါဝင် ပူးပေါင်းထားပါတယ် ။

myan789

ဒီ ပရဟိတ အဖွဲ့အစည်း ဟာ လန်ဒန်မြို့တွင်းရှိ စာသင်ကျောင်းတွေ ၊ ဆင်းရဲနွမ်းပါးပြီး မတတ်နိုင်သူတွေ အတွက် အခမဲ့ အစားအစာတွေ လိုက်ဝေပေးခြင်း ကို အဓိက ပြုလုပ်ပါတယ် ။ ရိစ်ဂျိမ်းစ် ဟာ ဒီ ပရဟိတ အဖွဲ့ဆီသို့ ၎င်းရဲ့ ကိုယ်ပိုင် လုပ်ခလစာထဲက ပေါင် ၁သောင်း လှူဒါန်းထားပြီး ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ မတ်လ က စပြီး ၊ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ရိုက်ခတ်တဲ့အခါ မှာ ရိစ်ဂျိမ်းစ် ပါဝင်ထားတဲ့ အဖွဲ့အစည်း ဟာ ခါတိုင်းထက် ပိုပြီး အလုပ်များခဲ့ပါတယ် ။ ဒီအတွက်ကြောင့် အားလပ်ချိန် တွေမှာလည်း ရိစ်ဂျိမ်းစ် ဟာ သူ တတ်နိုင်တဲ့ဖက်က လုပ်အား နဲ့ ကူညီပေးထားပါတယ် ။

ကားဖောက်မခံရမီ ရိစ်ဂျိမ်းစ် နောက်ဆုံး သွားရောက် လှူဒါန်းခဲ့တဲ့ နေရာက လန်ဒန်ရှိ Normand Croft Comunnity ကျောင်းလေးပဲ ဖြစ်ပါတယ် ။ ကံကောင်းတာ က ရိစ်ဂျိမ်းစ် ဟာ ဒီ ကျောင်းအတွက် အစားအစာတွေနဲ့ ပစ္စည်းတွေ သွားလှူပြီးမှ ကားဖောက်ခံခဲ့ရတာ ဖြစ်ပါတယ် ။

ရိစ်ဂျိမ်းစ် ရဲ့ ကားထဲက Play Station 5 ဂိမ်းစက်ကြီး နဲ့ ဒီ ကျောင်းအတွက် လှူပေးဖို့ နောက်ကားခုံ မှာ ထားခဲ့တဲ့ ဂျာကင် တို့ကို ကားဖောက်သူခိုးတွေက ခိုးယူသွားခဲ့တယ် လို့ သိရပါတယ် ။ ဒီ အခြင်းအရာ ကို မြင်တွေ့ပြီးပြီးချင်း ရိစ်ဂျိမ်းစ် က အောက်ပါ မက်ဆေ့ချ် နဲ့ အတူ အင်စတာဂရမ် အကောင့်က တဆင့် ပို့စ်တင်ခဲ့ပါတယ် ။

မက်ဆေ့ချ် မှာ ” Felix Project နဲ့ အတူ ဒီနေ့ ကလေးတွေ အတွက် နောက်ထပ် အစားအသောက်တွေ လာပြီး ဝေမျှခွင့်ရတာ ကျွန်တော့ အတွက် နောက်ထပ် ဆုလာဘ်သဖွယ် အတွေ့အကြုံပါ ။ အားလုံး ကိုယ်စီ အခက်အခဲဖြစ်နေတဲ့ ဒီ ခရစ်စမတ် ကာလမှာ ကျွန်တော် တို့နဲ့ အတူ အပျော်တွေ ဝေမျှနိုင်မယ် လို့ မျှော်လင့်ပါတယ် ။ ”

” အလှူပြီးသွားလို့ ကျွန်တော့ ကားဆီ ပြန်လာတဲ့အခါ ကံဆိုးစွာနဲ့ ဒီလို စိတ်ပျက်ဖွယ် အဖြစ်အပျက် နဲ့ ကြုံခဲ့ရပါတယ် ။ အဲ့ဒီပွဲ အတွင်း တယောက်ယောက် က ကျွန်တော် ကားထဲက လက်ဆောင် ပစ္စည်းတွေ ခိုးခံထိမယ် ဆိုတဲ့ ခံစားချက်မျိုး ရခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် ၊ ကိုယ်ပြုတဲ့ကံ ၊ ကိုယ့်ထံပြန်လာမယ်ပေါ့ ” ဆိုပြီး ရေးသားခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် နဲ့ ချဲလ်ဆီး အသင်းသားတွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည က ဝုလ်ဗ် ကို အရေးနိမ့်ခဲ့လို့ ၊ နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲဆက် အရေးနိမ့်ခဲ့ရကာ ၊ လာမယ့် အပတ် တနင်္လာနေ့မှ ဝက်စ်ဟမ်း အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular