spot_img

လက်ရှိကစားသမားများဖြင့် ဆက်သွားပါက ဆိုးလ်ရှား နည်းပြရာထူးမှထုတ်ပယ်ခံရလိမ့်မည်ဟု အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း သုံးသပ်

မန်ယူနည်းပြ ဆိုးလ်ရှားအနေဖြင့် ရာသီအစရလဒ်ဆိုးများကြောင့် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှုစာရင်းတွင် တတိယနေရာ ရပ်တည်နေပြီး အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းကလည်း လက်ရှိကစားသမားများဖြင့် ဆက်သွားပါက ဆိုးလ်ရှား ရာထူးမှထုတ်ပယ်ခံရလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

Sky Sports ရုပ်သံတွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ရွိုင်ကင်းက ”ဒီအသင်းက ဘယ် နေရာမှ လုံလောက်မှုမရှိပါဘူး။ ဒီရာသီက အိုလေးအတွက် တစ်ခုခုလုပ်ပြနိုင်ဖို့ အသင်းက တည်ဆောက်ပြီးလုနီးပါး ဖြစ်နေရမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ သူ့ကိုကြည့်ရတာ အဆင်မပြေပါဘူး။ ဘောလုံးကစားဖို့ စိတ်အားထက်သန်မှုမရှိတဲ့ ကစားသမားတွေကြောင့် ကျွန်တော် ခေါင်းကိုက်ရပါတယ်။ စိုးရိမ်စရာမရှိဘူးလို့ တစ်ခါတလေမှာ သူပြောပေမဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကတော့ စိုးရိမ်သင့်ပြီလို့ ထောက်ပြနေပါတယ်။ ကစားသမားတွေက တော်တဲ့သူတွေဖြစ်ပြီး နိုင်ပွဲ လိုချင်နေကြတယ်လို့ သူပြောပေမဲ့ ကျွန်တော်ကတော့ ကစားသမားတစ်ယောက်ကို သူတို့ရဲ့လုပ်ရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ ကျွန်တော့်မျက်လုံးက ကိုယ့်ကိုယ်ကိုယ်မလိမ်ပါဘူး။ အိုလေးအနေနဲ့ ဒီကစားသမားတွေနဲ့ဆက်သွားရင် သူ့ရဲ့အလုပ်ကို ဆုံးရှုံးရလိမ့်မယ်။ အဲဒါက မကြာခင် ဖြစ်လာလိမ့်မယ်။ အခု အချိန်မှာ မန်ချက်စတာယူနိုက်တက်အတွက် ကျွန်တော် တကယ်စိုးရိမ်နေပါတယ်”ဟု ပြောကြားသည်။

myan789

မန်ယူအသင်းအနေဖြင့် ရာသီအဖွင့် ပရီးမီးယားလိဂ် အိမ်ကွင်းလေးပွဲစလုံး နိုင်ပွဲ မရခြင်းမှာ ၁၉၇၂-၁၉၇၃ ရာသီနောက်ပိုင်း ၄၈ နှစ်အတွင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် အဝေးကွင်းနှစ်ပွဲစလုံး အနိုင်ရထားသော်လည်း အိမ်ကွင်းတွင်မူ နိုင်ပွဲမရသေးဘဲ ခရစ္စတယ်ပဲလေ့စ်၊ စပါးနှင့် အာဆင်နယ်အသင်းတို့ကို ရှုံးနိမ့်ကာ ချယ်လ်ဆီးအသင်းနှင့် သရေ ကျထားသည်။

ယင်းကဲ့သို့ ရာသီအဖွင့် အိမ်ကွင်းလေးပွဲဆက် နိုင်ပွဲမရခြင်းမှာ ၄၈ နှစ်အတွင်း အဆိုးရွားဆုံးမှတ်တမ်းဖြစ်သလို ခြောက်ပွဲကစားအပြီး ခုနစ်မှတ်သာရရှိထားခြင်းမှာလည်း နည်းပြဟောင်း ဒေးဗစ်မွိုက်စ် ကိုင်တွယ်ခဲ့သည့် ၂၀၁၃-၂၀၁၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံးအခြေအနေဖြစ်ကြောင်း သိရသည်။

အိုးလ်ထရက်ဖို့ဒ်၌ကစားသည့် ပရီးမီးယားလိဂ်ပွဲများတွင် မန်ယူအသင်းအား ၂၀၀၆ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန် နိုင်ပွဲရခဲ့သည့် အာဆင်နယ်အသင်းမှာမူ Big Six ပြိုင်ဘက်များအား ပရီးမီးယားလိဂ်အဝေးကွင်း ၂၉ ပွဲဆက်တိုက် နိုင်ပွဲမရသည့်မှတ်တမ်းကိုပါ ရပ်တန့်နိုင်ခဲ့ပြီဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular