spot_img

လက်ကျန် (၃)ပွဲအလိုတွင် (၁၂)မှတ်ဖြတ်ကာ ချန်ပီယံဆုရရှိခဲ့ခြင်းအတွက် နာဂယ်စ်မန်း ဂုဏ်ယူဝမ်းမြောက်စကားဆို

ဘိုင်ယန်မြူးနစ်အသင်း၏ နည်း ပြဖြစ်သူ နာဂယ်စ်မန်းက ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ လက်ကျန် (၃)ပွဲ အလိုတွင် (၁၂)မှတ်ဖြတ်ကာ ချန်ပီယံဆုကို (၁၀)ရာသီဆက်ရရှိခဲ့ခြင်းအ တွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဒေ့ါ မွန်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးချန်ပီယံဖလားကို ရယူနိုင်ရန် သေချာသွားခဲ့ခြင်းဖြစ်ပြီး ယင်းအောင်မြင်မှုမှာ ဘွန်ဒစ်လီဂါ တွင် နောက်ဆုံး (၁၀)ရာသီဆက်ရယူ နိုင်ခဲ့သည့် အောင်မြင်မှုလည်းဖြစ်သည်။

myan789

နာဂယ်စ်မန်းက ”ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတာကို နာကျင်နေတုန်းပါပဲ။ တကယ်တော့ ကျွန်တော်တို့ ဒီထက်ပိုပြီး လျှောက်လှမ်းနိုင်ခဲ့သင့်ပါတယ်။ ဘွန်ဒစ်လီဂါ အောင်မြင်မှုအတွက် ကျွန်တော် အရမ်းဝမ်းမြောက်ဂုဏ်ယူမိသလို၊ အောင်မြင်မှုတွေရယူနိုင်ခဲ့ကြတဲ့ ရှေ့နည်းပြတွေရဲ့အလုပ်ကို ဆက်လုပ်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်”ဟု ပြောကြားခဲ့သည်။

ဘွန်ဒစ်လီဂါသမိုင်းတွင် ချန်ပီယံ (၁၁)ကြိမ်ရသည့် ပထမဆုံးကစားသမားဖြစ်လာသည့် သောမတ်စ်မူလာကလည်း ”(၁၀)ကြိမ်ဆက်အောင်မြင်မှုဆိုတာ ပျင်းစရာမဟုတ်ဘူးဗျ။ ထူးချွန်မှုကို ပြသနိုင်တာ။ အရမ်းဝမ်းသာတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular