spot_img

ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံကို ဘာကြောင့် ကော်ပီကူးခဲ့လဲ ဆိုတာ ရှင်းလင်းလာတဲ့ နီကိုးလက်စ် ဂျက်ဆင်

ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ တော့တင်ဟမ် အသင်းကို အဝေးကွင်းမှာ ၁ – ၄ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲ အတွင်း သူ့ရဲ့ ကစားသမား ဘဝ တလျှောက် ပထမဆုံး အကြိမ် ဟက်ထရစ်ကို စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ထိုပွဲမှာ အိမ်ရှင် တော့တင်ဟမ်ဟာ ဒုတိယပိုင်း နောက်ဆုံး နာရီဝက်ဝန်းကျင်ကို ကစားသမား ၂ယောက်လျော့နဲ့ ကစားခဲ့ရသလို ၊ ဂျက်ဆင်ရဲ့ ဟက်ထရစ်ဟာ tap-in အချောင်ရ ဟက်ထရစ်လို့ လူတွေက ခေါ်ဝေါ် သမုတ်ခဲ့ကြပါတယ် ။

myan789

အသက် ၂၂နှစ် အရွယ်ရှိ ယင်းဆီနီဂေါသားကတော့ ဒီဝေဖန်မှုတွေကို ဂရုစိုက်မယ့်ပုံ မပေါ်သလို ၊ ၄င်းဟာ ဟက်ထရစ် သွင်းယူပြီး သူ့ရဲ့ အိုင်ဒေါဖြစ်သူ ခရစ်တီယာနို ရော်နယ်ဒိုရဲ့ Siu အောင်ပွဲခံပုံ အတိုင်း အောင်ပွဲခံသွားခဲ့တာကို တွေ့ရပါတယ် ။

The Telegraph နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂျက်ဆင်က ဘာကြောင့် ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကို အတုယူကူးချခဲ့တာလဲ ဆိုတာ အခုလိုပဲ ရှင်းပြသွားပါတယ် ။

ဂျက်ဆင် က ” ကျွန်တော် အရွယ်ရောက်ခါစတုန်းက ခရစ်တီယာနို ရော်နယ်ဒိုကို ကြိုက်ခဲ့ဖူးပါတယ် ။ သူ့နာမည်ပါတဲ့ ဂျာစီကို ကျွန်တော် အမြဲ ဝတ်ခဲ့ပါတယ် ။ သူ့အင်္ကျီ အစစ်တော့ မဟုတ်ဘူးပေါ့ဗျာ ။ အဲဒါတွေက စျေးကြီးလို့ပါ ။ ဒီတော့ ခင်ဗျား အဲဒါတွေတော့ ဝယ်ဝတ်နိုင်မှာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော့မှာ ကိုယ်ပိုင် ဖောင်တိန်လေးနဲ့ နံပါတ် ၇လေး ဆွဲပြီး ၊ ရော်နယ်ဒို နာမည် ရေးထားတဲ့ ဂျာစီလေး တထည် ရှိခဲ့ပါတယ် ။ ဒါကို ငယ်ငယ်က ကျွန်တော် ကိုယ်တိုင် လုပ်ခဲ့တာပါ ။ ဟုတ်ပါတယ် ။ သူ့လို ဖြစ်ဖို့ ကျွန်တော် တုပကြည့်ခဲ့တာပေါ့ဗျာ ။ ”

” ဒါပေမယ့် သူ ကစားတဲ့ ပွဲတွေ ကိုယ်တိုင် သွားကြည့်ဖို့က ခဲယဉ်းခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ လက်မှတ်ခ ခင်ဗျား ပေးရမှာမို့ပါ ။ ဒီတော့ သူ ကစားမယ့် ပွဲတွေဆို သူငယ်ချင်းအိမ်သွားပြီး ကျွန်တော်တို့ စုကြည့်ခဲ့ကြပါတယ် ။ ”

” ဘောလုံးပွဲ ကြည့်ရင် ကျွန်တော်တို့ အုပ်လိုက် ကြည့်ခဲ့ကြပါတယ် ။ အိမ်ထဲမှာ တယောက်တည်း ကြည့်တာမျိုး ဘယ်တော့မှ မရှိခဲ့ပါဘူး ။ ကျွန်တော့ သူငယ်ချင်းတွေ အားလုံး ရီးရဲလ်မက်ဒရစ်ပွဲ ကြည့်ဖို့ တအိမ်တည်း ချိန်းခဲ့ကြပါတယ် ။ ”

” ဗီလာရီးရဲလ်မှာ ကစားခဲ့တုန်းကတောင် သူ့ရဲ့ အောင်ပွဲခံပုံနဲ့ ကျွန်တော် အောင်ပွဲခံခဲ့တာပါ ။ အဲဒီတုန်းက ကျွန်တော် တပွဲတည်း ၂ဂိုးသွင်းနိုင်ခဲ့ပါတယ် ။ အခုက ဟက်ထရစ် ရခဲ့တာဆိုတော့ ကျွန်တော် ဒီလို အောင်ပွဲခံမှကို ဖြစ်မှာပါ ။ အခုတော့ ကျွန်တော် ဟက်ထရစ် ရမှပဲ အဲလို အောင်ပွဲခံပါတော့မယ် ။ ဂိုးတိုင်း မဟုတ်တော့ပါဘူး ။ ”

” ဒါက ကျွန်တော့ရဲ့ ကစားသမား ဘဝ တလျှောက် ပထမဆုံး ဟက်ထရစ် ဖြစ်ပါတယ် ။ အရမ်း စပါယ်ရှယ် ဖြစ်ခဲ့ပါတယ် ။ အားလုံး မြင်အောင် ကျွန်တော် အိမ်ထဲမှာ ဒီဟက်ထရစ် ဘောလုံးကို ထားထားပါတယ် ။ နောက်ထပ် ဟက်ထရစ်တွေလည်း အများကြီး ထပ်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါပေမယ့် ပထမဆုံးက အမြဲတမ်း အရေးကြီးပါတယ် ။ ဒါကို အရမ်း လုံခြုံနေအောင် ကျွန်တော် သိမ်းထားဖို့ ကြိုးစားသွားပါ့မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular