ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ချယ်လ်ဆီးအသင်းမှ ရူဒီဂါကို ခေါ်ယူနိုင်သဖြင့် ကျေနပ်မိကြောင်း၊ အသင်းခံစစ်ပိုင်းတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ရူဒီဂါ ကို ဆေးစစ်ဆေးမှုပြုလုပ်ပြီးနောက် (၂၀၂၆) ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ရူဒီဂါ၏အပြောင်းအရွှေ့အား လာမည့် မေလ (၂၈)ရက်တွင်ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးမှ ရီးယဲလ်အသင်းက တရားဝင်ကြေညာသွားမည်ဖြစ်ပြီး ကစားသမားဖြစ်သူနှင့် လစာငွေညှိနှိုင်းမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်းလည်း သိရသည်။