spot_img

ရုရှားနဲ့ ပွဲက သူ့ရဲ့ သွင်းဂိုး နှစ်ဂိုးဟာ အင်တာ အသင်းဖော် အဲရစ်ဆင် ကို ရည်ညွှန်းတယ်လို့ ဖွင့်ဟလာတဲ့ လူကာကူ

ဒီနေ့ နံနက် မြန်မာစံတော်ချိန် အစောပိုင်းမှာ ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် အဖြစ် ဘယ်ဂျီယံ နဲ့ ရုရှား တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဘယ်ဂျီယံ အသင်းက သုံးဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။ ဘယ်ဂျီယံ အတွက် ဂိုးတွေကိုတော့ လူကာကူ က နှစ်ဂိုး ၊ မူနဲယား က တစ်ဂိုး သွင်းယူ ပေးခဲ့တာပါ ။

ဘယ်ဂျီယံ နဲ့ ရုရှား ပွဲမတိုင်ခင် ကစားခဲ့တဲ့ ဒိန်းမတ် နဲ့ ဖင်လန် ပွဲက အဲရစ်ဆင် ရုတ်တရက် ကွင်းထဲ လဲကျမှုဟာ တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေကို အံ့ဩ တုန်လှုပ်စေခဲ့ပါတယ် ။ အဲရစ်ဆင်ဟာ ပထမပိုင်းပြီးခါနီးမှာ ကွင်းထဲ လဲကျ သွားခဲ့ပြီး ငါးမိနစ်ခန့် နှလုံးခုန် ရပ်တန့် သွားခဲ့တာပါ ။

myan789

အဲရစ်ဆင် လဲကျ သွားချိန်မှာ ဒိန်းမတ် အသင်း ခေါင်းဆောင် ခါဂျာ ဟာ ကိုယ့်လျှာကိုယ် ပြန်မမြိုမိသွားအောင် လုပ်ဆောင် ပေးခဲ့ပြီး ဒိုင်လူကြီး အန်တိုနီတေလာ ကလည်း ပွဲကို ချက်ချင်း ရပ်တန့် ၊ ဆေးအဖွဲ့ကို အလျင်အမြန် ခေါ်ဆောင် ခဲ့ပါတယ် ။

ဆေးအဖွဲ့ဟာ အဲရစ်ဆင် သတိပြန်လည်လာအောင် လုပ်ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင် ပေးခဲ့တာကြောင့် အဲရစ်ဆင် တစ်ယောက် အသက် အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေ ကနေ လွတ်မြောက် သွားခဲ့ပါတယ် ။ အဲရစ်ဆင် ဟာ အခုအချိန်မှာ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေတော့ လုပ်ရဦးမှာပါ ။

အဲရစ်ဆင် တစ်ယောက် လဲကျသွားချိန်မှာ ကမ္ဘာတစ်ဝန်းက အားကစားသမားတွေ ၊ ပရိသတ်တွေ နဲ့ ကျော်ကြားသူတွေဟာ ဒိန်းမတ်သား အမြန်ဆုံး ပြန်လည် သက်သာလာစေဖို့ ဆုတောင်း ပေးခဲ့ကြပါတယ် ။ ဒါ့အပြင် အဲရစ်ဆင် ရဲ့ ကလပ်အသင်းဖော်တွေ ဖြစ်တဲ့ လူကာကူ နဲ့ ဟာခီမီ တို့ဟာလည်း ဂိုးသွင်းအပြီးမှာ အဲရစ်ဆင် ကို ရည်ညွှန်း အောင်ပွဲ ခံခဲ့ကြပါတယ် ။

ရုရှား နဲ့ ပွဲမှာ သွင်းဂိုး နှစ်ဂိုး သွင်းပြီး အကောင်းဆုံးဆု ရခဲ့တဲ့ လူကာကူ က beIN Sports နဲ့ အင်တာဗျူးမှာ ” အသင်း နိုင်ပွဲ ရတဲ့ အတွက် ကျနော် ပျော်ရွှင်မိပါတယ် ၊ ဒါပေမယ့်ဗျာ ကျနော့်စိတ်ထဲမှာ အသင်းဖော် အဲရစ်ဆင် အကြောင်းပဲ တွေးနေမိတာကြောင့် ကစားရ အတော် ခက်ခဲ့ပါတယ် ။ ”

” သူ ကျန်းမာဖို့ မျှော်လင့်ပါတယ် ၊ ဒီနေ့ စွမ်းဆောင်ရည်က သူ့အတွက်ပါပဲ ၊ သူ့အတွက် ကစားခဲ့တာပါ ။ ကျနော် အဲရစ်ဆင် ရဲ့ ဖြစ်ရပ်ကို မြင်ပြီး မျက်ရည်တွေ အများကြီး ကျခဲ့ရပါတယ် ၊ ကျနော် အတော်လေးလည်း လန့်သွားခဲ့တာပါ ။ ”

” ကျွန်တော်တို့က တစ်နှစ်ခွဲကျော်လောက် အခိုက်အတန့်ကောင်းတွေကို အတူတူ ဖြတ်သန်းလာသူတွေလေ ၊ မိသားစုထက်တောင် သူနဲ့ အချိန်ပိုကုန်ဆုံး ဖြစ်ပါတယ် ၊ ကျွန်တော့်ရဲ့ ခံစားချက်တွေက သူ ၊ သူရဲ့ ချစ်သူ ၊ သူ့ရဲ့ ကလေး နှစ်ယောက် ၊ မိသားစု နဲ့ ထပ်တူပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular