spot_img

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်းအား မန်ယူအသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် (၁၀)သန်းပေးချေသွားမည်ဟု Mirror ဖော်ပြ

မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ရာဖာယဲလ်ဗာရန်းအား ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ကြောင်း The Mirror သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် လာမည့်ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်ရန်အတွက် ကစားသမားသစ်များကို ခေါ်ယူအားဖြည့်ထားရာတွင် လက်ရှိအချိန်၌ တောင်ပံကစားသမားတစ်ဦးဖြစ်သည့် ဂျေဒန်ဆန်ချိုနှင့် ဂိုးသမား တွမ်ဟီတန်တို့ကို ခေါ်ယူထားပြီးဖြစ်သည်။

myan789

ယခုအချိန်တွင် ဗာရန်းကို ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်ပြီး ဗာရန်းကို အချိန် (၂)ပတ်အတွင်း အပြီးသတ်ခေါ်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်ကာ ရာမို့စ်သည် ယခုအချိန်တွင် PSG အသင်းထံသို့ ပြောင်းရွှေ့မည်ဆိုသည့် သတင်းများလည်းထွက်ပေါ်နေသည်။

ရာမို့စ် အသင်းမှထွက်ခွာအပြီးတွင် ဗာရန်းကလည်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လိုသဖြင့် ရီးယဲလ်မက်ဒရစ်အသင်းထံမှ ထွက်ခွာလိုခြင်းဖြစ်သည်ဟု စပိန်သတင်းစာများက ဆိုခဲ့သည်။

မန်ယူအသင်းသည် ဗာရန်းအား ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်ဖြစ်သည့် ၂၀၁၁ ခုနှစ်က ပထမအကြိမ် ကမ်းလှမ်းခဲ့ဖူးပြီး ထိုအချိန်ကလည်း သဘောတူညီမှုရရှိရန် နီးစပ်ခဲ့ပြီးမှ နောက်ပိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဖြစ်လာမည့် ဇီဒန်း၏ ဝင်ရောက်တားဆီးမှုကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုတစ်ကြိမ်တွင်မူ ကစားသမားဘက်အခြမ်းနှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ကလပ်အသင်းနှင့် ဆက်လက်ဆွေးနွေးရန်သာ ကျန်ရှိတော့သည်။

မန်ယူအသင်းသည် အသက် (၂၈)နှစ်အရွယ်ရှိ ဗာရန်းအား (၄)နှစ်စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနိုင်ခဲ့ပြီး ဗာရန်းသည် တစ်ပတ်လုပ်ခ ပေါင် (၂၅၀၀၀၀) (တစ်နှစ် ပေါင် ၁၀ သန်း) ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular