ယမန်နှစ်က ရီးယဲလ်မက်ဒရစ်သည် ၂၀၂၂ နွေရာသီတွင် အာလင် ဟာလန်းနှင့် ကိုင်လီယံ အမ်ဘာပီတို့ကို ခေါ်ယူသွားမည့် သတင်းခေါင်းကြီးပိုင်းများစွာရှိခဲ့သည်။ တကယ့်တကယ်ကျ ဖြစ်မလာခဲ့ပေ။ ပြင်သစ်သား ဟာလန်းသည် ပီအက်စ်ဂျီအသင်း၌ သူ၏ စာချုပ်ကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သည်။ သက်တမ်းတိုးဖြစ်ပါက ၎င်းစာချုပ်သည် အဲဒီအချိန်က ဘောလုံးသမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးစာချုပ်ဖြစ်မည်ဟု ထင်မှတ်ခံခဲ့ရသည်။
ထိုစဥ် ဟာလန်းသည် မန်စီးတီးကို ပြောင်းရွှေ့ရန် သဘောတူခဲ့ကာ သူ့အဖေကလည်း ဟာလန်းသည် အဓိကလိဂ်အားလုံးကို တွေ့ကြုံလိုကြောင်း မှတ်ချက်ပေးခဲ့ပါသည်။ အလားတူပင်၊ ရီးရဲလ်မက်ဒရစ်က ၎င်းတို့အသင်းသည် ပြီးခဲ့သည့်နွေရာသီက သူ၏ တတိယရွေးချယ်မှုသာဖြစ်သည်ဟူသော ဟာလန်း၏ပြောဆိုချက်ကြောင့် ဒေါပွခဲ့သည်ဟု သိရသည်။
ဟာလန်း၏ အေးဂျင့်ဖြစ်သူ Rafaela Pimienta က မက်ဒရစ်ထက် မန်စီးတီးသို့ ဟာလန်းသွားရသည့် အဓိက အကြောင်းရင်းနှစ်ရပ်အဖြစ် သူမထင်မြင်ထားသည်ကို မီးမောင်းထိုးပြခဲ့သည်။

“သူက မင်းသိတဲ့အတိုင်း ဘောလုံးမိသားစုက လာတာပါ။ သူ့အဖေကလည်း ဘောလုံးကစားခဲ့တာ။ သူက အဲဒီပတ်ဝန်းကျင်မှာ ကြီးပြင်းလာပြီးတော့ မန်စီးတီးအင်္ကျီနဲ့ ကလေးဘဝတုန်းက သူ့ဓာတ်ပုံတွေကို မင်းမြင်နေရမှာပါ။”

“ဒါကြောင့် ကျွန်မကတော့ ဒါဟာ ပုဂ္ဂိုလ်ရေးအရပဲလို့ ထင်ပါတယ်၊ ပြီးတော့ သူက ပရီးမီးယားလိဂ်ကိုလည်း တွေ့ကြုံချင်တယ်လို့ ကျွန်မထင်ပါတယ်။” ဟု ပြောကြားခဲ့သည်။
Pimienta သည် Mino Raiola ကွယ်လွန်ပြီးနောက် သူတို့၏အေဂျင်စီအကြီးအကဲအဖြစ် ရာထူးလွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
