နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဖြင့်အနိုင်ရရှိပြီးနောက် ကာရာဘောင်ဖလားဗိုလ်လုပွဲတွင် မန်ယူအသင်းအ နေဖြင့် သူတို့၏နေရာကို ကြိုတင်နေရာယူခဲ့နိုင်ကာ ယင်းသည် ကာစီမီရို၏နောက်ထပ်စွမ်းဆောင်ရည်ကောင်းတစ်ခုဖြစ်သည်။

ယခု ဇန်နဝါရီ ၂၂ ရက်က မန်ယူအသင်းသည် ကာစီမီရို၏ အဖျက်အဆီးနှင့် လွဲချော်ခဲ့သည်ဟု ခံစားခဲ့ရပေပေမဲ့ ၂၅ ရက်နေ့က စီးတီးဂ ရောင်းမှာ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် သူ၏အရည်အသွေးအားလုံးက သူ့မှာ ဆမ်ဘာသွေးအချို့ ရှိနေသေးကြောင်း သတိပေးခဲ့ပါသည်။
အသက် ၃၀ နှစ်ရှိ ကာစီမီရို၏ ဖြတ်သန်းမှု အရည်အချင်းနှင့် မန်ယူ၏ ခံစစ်အပြင် တိုက်စစ်မှာပါ ပံ့ပိုးမှုများက ရီးယဲလ်မက်ဒရစ်ကနေ သူ ပေါင်သန်း ၇၀ နှင့် ပြောင်းရွှေ့လာကတည်းက အကြီးမားဆုံး အံ့အားသင့်စရာများထဲက တစ်ခုဖြစ်သည်။ ရီးယဲလ်မက်ဒရစ်တွင် သူ၏အခန်းကဏ္ဍသည် ရိုးရှင်းသည်- အတိုက်အခံပြိုင်ဘက်များကို တားဆီးပြီးနောက် တိုနီခရော့စ်နှင့် လူကာမိုဒရစ်တို့အား ဘောလုံးပေးရ ခြင်းဖြစ်သည်။

သို့သော် ဤအချိန်မှာ ကာစီမီရိုသည် သူ၏အရည်အချင်းကို ဖုံးကွယ်ထားခဲ့ပါသည်။ မန်ချက်စတာကို ပြောင်းရွှေ့ပြီး တားဆီးရေးတာဝန်သာမက တိုက်စစ်များပိုမိုဖန်တီးရန် တာဝန်ပေးခံရပြီးကတည်းက ထိုအရည်အချင်း ပေါ်လွင်လာခဲ့ပါသည်။
ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးအဖြစ် ကာစီမီရို၏အရည်အချင်းကို ဘယ်သောအခါမှသံသယမရှိခဲ့ပါ။ သူ၏ ခံစစ်ကစားပုံနဲ့ ဖြတ်တင်ဖြတ်ပေးပို့မှုတွေကို ယူနိုက်တက်အတွက် ကောင်းစွာ မှန်းဆနိုင်စွမ်းတို့သည် မန်ယူအတွက် ထိပ်တန်းဖြစ်လာသည်။

ယခု ရာသီ အစောပိုင်းက ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာတုန်းက ၎င်းအရည်အချင်းနှစ်ခုစလုံး လုပ်နိုင်ခဲ့သည့် အကောင်းဆုံးဥပမာ ဖြစ်ခဲ့သည်။ စီးတီးဂရောင်းမှာလည်း အလားတူ ဇာတ်လမ်းမျိုး ဖြစ်ခဲ့ပါသည်။ ၎င်းသည် သူ၏ ယခုရာသီ၏ ပဉ္စမမြောက် ဖန်တီးမှု မှတ်တမ်းတစ်ခုဖြစ်ကာ ရီးရဲလ်မက်ဒရစ်အသင်းတွင် ကိုးရာသီကြာ ကစားခဲ့တုန်းက မရှိခဲ့ဖူးသည့် မှတ်တမ်းလည်း ဖြစ်သည်။ ရွိုင်းကိန်းကလည်း ကာစီမီရိုသည် အဲရစ်တန်ဟက်လက်ထက်မှာ အရေးအကြီးဆုံးကစားသမားဟု ဆိုခဲ့သည်။

ကာစီမီရိုသည် သူ၏ တည်ငြိမ်မှုဖြင့် သူ့အသင်းကို လမ်းကြောင်းမှန် ပေါ် အရောက် ပို့ဆောင်နိုင်သော အရည်အချင်းလည်း ရှိနေပါသည်။ သူသည် သူ့အသင်း၏ အသည်းနှလုံးဖြစ်နေပြီဖြစ်သည်။