spot_img

ရိုးမားအသင်း၏ ပထမပိုင်းကစားပုံကြောင့် မိမိ အရှက်ရမိသည်ဟု ကစားသမားများကို ပြောကြားခဲ့ကြောင်း နည်းပြ မော်ရင်ဟို ဝန်ခံ

ဂျူဗင်တပ်စ်အသင်းနှင့် ကစားခဲ့သည့်ပွဲ ပထမပိုင်းအပြီးတွင် အသင်းကစားပုံကြောင့် မိမိအရှက်ရမိသည်ဟု ကစားသမားအား ပြောကြားခဲ့ကြောင်း မော်ရင်ဟိုက ပွဲအပြီးတွင် ဝန်ခံခဲ့သည်။

ရိုးမားအသင်းသည် ယင်းပွဲတွင် ပွဲအစ (၁)မိနစ် (၁၆)စက္ကန့်မှာပင် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်၏ Free Kick ကြောင့် ဦးဆောင်ဂိုးပေးခဲ့ရသည်။ ယင်းနောက်တွင် ပထမပိုင်းတစ်ပိုင်းလုံး အိမ်ရှင်အသင်းကို တုံ့ပြန်နိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းရောက်မှ ဒီဘားလား၏ နောက်ပြန်ကန်ချက်ဖြင့် ဖန်တီးပေးမှုကို အေဘရာဟမ်က ခေါင်းတိုက်ကာ ချေပဂိုးပြန်သွင်းခဲ့ခြင်းဖြစ်သည်။

myan789

“ပထမပိုင်းမှာ ကျွန်တော်တို့ မယုံကြည်လောက်အောင် ကံကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပိုပြီးလုပ်ကိုင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ အသင်းကစားသမားတွေကို သူတို့ကြောင့် ကျွန်တော် အရှက်ရမိတယ်လို့ ပြောခဲ့တယ်။ ဒါက နည်းစနစ်ပိုင်းကိစ္စ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းပါပဲ။ ဒီလိုပုံစံမျိုးနဲ့ လာပြီးမကစားသင့်ပါဘူး။ အရန်ခုံတန်းမှာ ဆယ်လ်ဗာတိုရေးကို (ဝ-၁)ဂိုးနဲ့ ရှုံးဖို့သာ ဆုတောင်းဖို့ပဲရှိတော့တယ်လို့ ပြောနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပထမပိုင်းစွမ်းဆောင်ရည်နဲ့ (ဝ-၁)ဂိုး ရှုံးနေတာဟာ အံ့အားသင့်စရာကောင်းတဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ အရမ်းကံကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဇာနီယိုလို၊ ဝိုင်နယ်လ်ဒမ်းတို့ ဒဏ်ရာရနေလို့ အပြောင်းအလဲသိပ်မလုပ်နိုင်ပေမဲ့ ဒုတိယပိုင်းမှာတော့ ကွဲပြားခြားနားတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းကို ကျွန်တော် သုံးသပ်ရရင်တော့ (၁-ဝ)ရလဒ်ဟာ ထိုက်တန်ပါတယ်။ ပထမပိုင်းကတော့ အလွန်အမင်း ဆိုးရွားပါတယ်” ဟု မော်ရင်ဟိုက DAZN သို့ ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular