spot_img

ရိုနယ်ဒို ဟာ စံပြုလောက်တဲ့ အားကစားသမားပါလို့ ချီးကျုးလိုက်တဲ့ မက်ဆီ

ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ က ရိုနယ်ဒို ဟာ အားကစား လောက ရဲ့ စံပြု ထိုက်တဲ့ အားကစား သမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ် လို့ ထုတ်ဖော် ချီးကျုး သွားခဲ့ ပါတယ် ။ မက်ဆီ နဲ့ ရိုနယ်ဒို တို့ ဟာ ကမ္ဘာ့ ဘောလုံး စင်မြင့် ထက်မှာ နှစ်ပေါင်း ၂၀ နီးပါး အကောင်းဆုံး ပုံစံ တွေ နဲ့ ကစား ခဲ့ကြပြီး မြောက်များ လှတဲ့ ဆုဖလားတွေ ၊ တစ်ဦးချင်း ဆုတွေ ကို ရယူ သိမ်းပိုက် နိုင်ခဲ့ ကြပါတယ် ။

လက်ရှိ မှာတော့ ၂ ဦး စလုံး ဟာ အသက် ၃၃ နှစ် နဲ့ အထက် ကို ရောက်ရှိ လာခဲ့ ကြပြီ ဖြစ်တာကြောင့် သူတို့ အကြားက အားပြိုင်မှု တွေ ဟာလည်း လျော့ကျ လာခဲ့ပြီ ဖြစ်ပါတယ် ။ ရိုနယ်ဒို ဟာ မက်ဆီ ရဲ့ လွှမ်းမိုး သက်ရောက်မှု အကြောင်း ထုတ်ဖော် ပြောဆို ခဲ့သလို မက်ဆီ ကလည်း ရိုနယ်ဒို နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ မှတ်ချက် စကားတွေ ကို ပြောဆို လာခဲ့ ပါတယ် ။

myan789

အာဂျင်တီးနား အခြေစိုက် La Sexta နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျုး မှာ မက်ဆီ က ရိုနယ်ဒို ဟာ လီဘရွန်ဂျိမ်းစ် ၊ ရော်ဂျာ ဖက်ဒါရာ ၊ ရာဖေး နာဒယ် တို့ လိုပဲ အားကစား လောက ရဲ့ စံပြု ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“အားကစား မှာ စံပြု လောက်တဲ့ ကစား သမားတွေ ရှိပါတယ် ။ ရာဖေး နာဒယ် ၊ ရော်ဂျာ ဖက်ဒါရာ ၊ လီဘရွန် တို့ ဟာ သူတု့ိ ရဲ့ အားကစား နယ်ပယ် မှာ ထူးချွန် ပြောင်မြောက်တဲ့ သူတွေ ဖြစ်ခဲ့ ကြပါတယ် ။ ဘောလုံး မှာ ဆိုရင်တော့ ခရစ္စတီယာနို ပါ ။ သူတို့လို အကောင်းဆုံး လုပ်ပြ နိုင်တဲ့ သူတွေလည်း အများကြီး ရှိကြပါတယ်” လို့ မက်ဆီ က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် မက်ဆီ က သူ ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ဘာစီလိုနာ ကနေ ထွက်ခွာဖို့ အမှန်တကယ် ဆန္ဒ ရှိခဲ့ ကြောင်း ကိုလည်း ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ စာချုပ်ပါ သဘော တူညီချက် ကို အသုံးပြု ပြီး ဘာစီလိုနာ နဲ့ လမ်းခွဲဖို့ ကြိုးစား ခဲ့ပေမယ့် နောက်ဆုံး မှာတော့ အသင်းမှာ ဆက်လက် ကစားဖြစ် ခဲ့ ပါတယ် ။

“ဖြစ် ခဲ့တဲ့ ကိစ္စတွေ အတွက် ကျွန်တော် စိတ်မကောင်း ပါဘူး ။ ကျွန်တော် အမြဲ ပြောနေကျ အတိုင်း ပါပဲ ၊ ဘာစီလိုနာ ဟာ ကျွန်တော့ရဲ့ ဘ၀ ပါ ။ ဒီကလပ် ကို ၁၃ နှစ်သား ကတည်းက ကျွန်တော် ရောက်လာ ခဲ့တာပါ”

“နွေရာသီ တုန်းကတော့ ကျွန်တော့ အတွက် အချိန်တွေ က ခက်ခဲ ခဲ့ ပါတယ် ။ ဘာလို့လည်း ဆိုတော့ ရာသီ ကုန်ဆုံး ခဲ့တဲ့ ပုံစံကြောင့်ပါ ။ အခု အချိန် မှာတော့ ကျွန်တော် အဆင်ပြေ ပါတယ် ။ ဒါ အမှန် တရား ပါပဲ” လို့ မက်ဆီ က ပြောဆိုခဲ့ ပါတယ် ။

ဒါ့အပြင် မက်ဆီ က ပက် ဂွာဒီယိုလာ နဲ့ လူးဝစ် အင်းနရစ် တို့ ဟာ သူ့ရဲ့ ဘောလုံး သမား ဘ၀ တစ်လျောက် လက်တွဲ ခဲ့တဲ့ ကလပ် အသင်း နည်းပြ တွေထဲ မှာ အကောင်းဆုံး ၂ ဦး ဖြစ်တယ် လို့ ဖော်ပြ ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ အဆိုပါ နည်းပြ ၂ ယောက် လက်အောက်မှာ ချန်ပီယံ လိဂ် ၃ ကြိမ် ၊ လာလီဂါ ၅ ကြိမ် အပြင် ဆုဖလားပေါင်း ၂၀ ကျော် ကို ရယူ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

မက်ဆီ ဟာ လက်ရှိ မှာတော့ သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာ ကို အောင်အောင် မြင်မြင် ခွဲစိတ် ကုသ ခဲ့ပြီး ဒီလို ခွဲစိတ် ကုသ ခဲ့မှုကြောင့် မနက်ဖြန် မှာ ကစားမယ့် လာလီဂါ ပွဲစဉ် ကို ပါဝင် ကစား နိုင်မှာ မဟုတ်ဘူး လို့လည်း သတင်း ရရှိ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular