ဒီကနေ့ ည ( မြန်မာ စံတော်ချိန် မနက်ဖြန် နံနက် ) မှာတော့ မန်ချက် စတာ ယူနိုက်တက် ဟာ ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ ၁၉ ပွဲမြောက် ပွဲစဉ် အဖြစ် လန်ဒန် ကလပ် ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။ ပွဲစဉ် ၁၉ ဟာ ရာသီထက်ဝက် ကျိုးတဲ့ ပွဲစဉ် ဖြစ်တာကြောင့် ဒီပွဲကို အနိုင် ရခဲ့မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်တို့ ရာသီဝက် ချန်ပီယံ အဖြစ် သရဖူ ဆောင်းနိုင် မှာပဲ ဖြစ် ပါတယ် ။
မန်ယူနိုက်တက် ရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး ဟာ ယူနိုက်တက် ထက် ၁ ပွဲလျော့ပြီး အမှတ် ကပ်နေ ပေမယ့် အဆိုပါ ပွဲကျန် ကို ခုထိ ဘယ်နေ့ ပြန်ကစားမယ် လို့ မသတ်မှတ် ရသေးတာကြောင့် ယူနိုက်တက် က ပွဲစဉ် ၁၉ မှာ ရာသီဝက် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရရှိ လာခဲ့ တာပဲ ဖြစ် ပါတယ် ။
ဒါပေမယ့် ယမန်နေ့ ညက လက်စတာ စီးတီး ရဲ့ အနိုင် ရရှိမှုကြောင့် ယူနိုက်တက် တို့ ဒီည ပွဲကို အနိုင် ရမှသာ ရာသီဝက် ချန်ပီယံ ဖြစ်ဖို့ သေချာ သွားမှာပါ ။ ဒါကြောင့် အဝေးကွင်း ကနေ ၃ မှတ် နဲ့ ပြန်လာ နိုင်ဖို့ အရေးကြီး နေပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနှစ် ပရီးမီးယားလိဂ် အသင်းတွေ ထဲမှာ အဝေးကွင်း ရလဒ် အကောင်းဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။ အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ရလဒ်တွေ တည်ငြိမ်မှု မရှိ ပေမယ့် အဝေးကွင်း မှာတော့ မရှုံး ထားတာ ၁ နှစ် ပြည့်ခဲ့ ပါပြီ ။ ပြီးခဲ့တဲ့ ပွဲစဉ် တုန်းကလည်း လက်ရှိ ချန်ပီယံ လီဗာပူး ကို အဝေးကွင်းမှာ သရေ ကစားထား ခဲ့တာပါ ။
ဒါကြောင့် ဒီည ပွဲမှာလည်း ယူနိုက်တက် သာ အနိုင်ရမယ် လို့ ခန့်မှန်းသူ အားလုံးက တညီတညွတ် တည်း ပြောဆို ထားကြပါတယ် ။ ဖူလ်ဟမ် ဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပြီး တန်းမဆင်း ရအောင် ရုန်းကန် မှာ ဖြစ်ပေမယ့် ယူနိုက်တက် ဆီက အမှတ် ခွဲယူ နိုင်ဖို့ ကတော့ ခက်ခဲ နိုင် ပါတယ် ။
လန်ဒန် ကလပ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ တစ်ပွဲမှ မနိုင်ဘဲ သရေ ၄ ပွဲကျထား ခဲ့ ပါတယ် ။ ယူနိုက်တက် ကတော့ နောက်ဆုံး ၅ ပွဲ ( လိဂ် ) လီဗာပူး နဲ့ လက်စတာ တို့ကို သရေ ကျထားပြီး ကျန် ၃ ပွဲကို အနိုင် ကစား ထားခဲ့တာပါ ။
ဒီညပွဲမှာ ဆိုးရှား ဘယ်သူတွေကို ပွဲထုတ်လာမယ် ဆိုတာ ကတော့ မန်ချက်စတာ ညနေခင်း သတင်း ဌာနက ယူနိုက်တက် သတင်းတွေကို ပင်တိုင်ရေးသား တဲ့ သတင်းထောက်တွေ က အခုလို ခန့်မှန်း သွားခဲ့ ကြပါတယ် ။
တိုင်ရွန်းမာရှယ် ( ၄-၂-၃-၁ )
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ ၊ မက်ဂွဲယား ၊ ရှော
မာတစ် ၊ ပေါ့ဘာ ၊ ဖာနန်ဒက်စ်
ဂရင်းဝုဒ် ၊ ကာဗာနီ ၊ ရက်ဖိုဒ့်
ရစ်ချ် ဖေး ( ၄-၂-၃-၁ )
ဒီဂီယာ
ဘစ်ဆာကာ ၊ လိုင်လီ ၊ မက်ဂွဲယား ၊ တဲလက်စ်
ပေါ့ဘာ ၊ မာတစ် ၊ ဗန်ဒီဘိ
မာတာ ၊ ကာဗာနီ ၊ ရက်ဖိုဒ့်
ဆင်မြူရယ် လပ်ဟရပ်စ် ( ၄-၂-၃-၁ )
ဟန်ဒါဆင်
ဘစ်ဆာကာ ၊ ဘိုင်လီ ၊ မက်ဂွဲယား ၊ လုခ်ရှော
ပေါ့ဘာ ၊ မာတစ် ၊ ဗန်ဒီဘိ
ဂရင်းဝုဒ် ၊ ကာဗာနီ ၊ ရက်ဖိုဒ့်
သူတို့တွေ ရဲ့ ခန့်မှန်းမှု ကို ပြန်လည် သုံးသပ် ရမယ်ဆိုရင်တော့ ၄-၂-၃-၁ နဲ့ ပွဲထွက်လာဖို့ သေချာ သလောက် ရှိနေပြီး ကွင်းလယ်ကို ချုပ်ကိုင် နိုင်ဖို့ မာတစ် ကို ပြန်သုံးဖို့ လည်း အလားအလာ များနေ ပါတယ် ။ ပုံစံကောင်း ရနေတဲ့ ပေါ့ဘာ ကို ဆက်သုံးဦးမှာ ဖြစ်ပေမယ့် ဖာနန်ဒက်စ် ကိုတော့ မေးခွန်း ထုတ်စရာ အဖြစ် သုံးသပ် ထားကြ ပါတယ် ။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ဖာနန်ဒက်စ် ကို တစ်ပွဲလောက် အနားပေးသင့် ပါပြီ ။ ပေါ်တူဂီသား ဟာ ဆိုးရှား ရဲ့ မစွန့်စား ရတဲ့ စိတ်ကြောင့် ပွဲတိုင်း ကို မိနစ် ၉၀ ပြည့်နီးပါး ကစားပေး နေရပြီး မောဟိုက် ပင်ပန်းလို့ နေပါပြီ ။ မကြာခင်မှာ ဒဏ်ရာ ရပြီး အကြာကြီး နားသွားရ နိုင်ပါတယ် ။ ဒီလို ပွဲမျိုးမှာတော့ ဖာနန်ဒက်စ် ကို အရန်ခုံမှာ ထိုင်ခိုင်းဖို့ သင့်ပါပြီ ။
ဖာနန်ဒက်စ် နေရာမှာ ဘယ်သူ့ကို သုံးမလဲ ၊ ရွေးစရာ ရှိပါတယ် ။ ဗန်ဒီဘိ ကို ထည့်ကစားနိုင်ပါတယ် ။ သူလည်း ကစားချင် လှပါပြီ ။ ဒီလိုမှ မဟုတ်ဘူး ဆိုရင်လည်း ပေါ့ဘာ ကို ထားပြီး တော်မီနေး ကို ကွင်းလယ်မှာ မာတစ် နဲ့ တွဲပေး နိုင်ပါတယ် ။ အဲ့လိုတွေမှ မဟုတ်လည်း မာတာ ကို ထားလို့ ရပါတယ် ။ သူက AMF စစ်စစ်ကြီးပါ ။
တကယ်လို့ ဗန်ဒီဘိ ကို သုံးမယ် ဆိုရင်တော့ ချိတ်ဆက် ကစားလိုစိတ် ရှိပြီး နည်းစနစ် ကောင်းတဲ့ ကစား သမားတွေ ပိုထည့်ပေးဖို့ လိုပါတယ် ။ ဗန်ဒီဘိ က ပြေးလွှား ခုန်ပေါက် တွန်းတိုက် တာထက် နည်းစနစ် ကျကျ ကစားရတာကို ပို အားသန်တဲ့သူပါ ။ မာတာ ၊ ကာဗာနီ တို့ကို ထည့်ဖို့ လိုပါတယ် ။
ရှေ့တန်း မှာတော့ ရက်ဖိုဒ့် ကို ညာတောင်ပံ ပို့တာတွေ ရပ်သင့် ပါပြီ ။ မူလ ဘယ်တောင်ပံ ကို ခဏ ပြန်ကစား လိုက်တာဟာ လီဗာပူး နဲ့ ပွဲမှာ ဂိုးတွေ ရလု အထိ တိုက်စစ်အား တက်သွားခဲ့ တာကို တွေ့ခဲ့ရမှာပါ ။ ဆိုးရှား ထပ်ပြီး မမိုက်မဲသင့် တော့ဘူးလို့ မျှော်လင့် ရတာပါပဲ ။
ရက်ဖိုဒ့် ဘယ်ခြမ်း ပြန်ရောက်သွားရင် မာရှယ် အထောင် တိုက်စစ်မှာ ပြန်ကစားနိုင် ပါတယ် ။ ဒီလိုမှ မဟုတ်ဘဲ ကာဗာနီ ကို ပွဲထုတ်မယ် ဆိုရင် ( ဗန်ဒီဘိ ပါလာရင် ကာဗာနီ နဲ့ ပို ဖြစ်သင့် ) မာရှယ် ကို အရန်ခုံ ထိုင်ခိုင်း ရမှာပါပဲ ။ ညာတောင်ပံ ကတော့ ဗန်ဒီဘိ ပါမယ်ဆိုရင် မာတာ နဲ့ ပိုသင့်တော်ပြီး ပုံမှန် ဆိုရင်တော့ ဂရင်းဝုဒ် ကို ထည့် ကစား မှာပါ ။
နောက်တန်း မှာ ဘိုင်လီ ပါနိုင်တယ်လို့ သုံးသပ်သူ ၂ ယောက်က ပြောထားပေမယ့် လီဗာပူး နဲ့ ပွဲက ပုံစံကောင်း ရထားတဲ့ ခံစစ်အတွဲကို ဆိုးရှား ဖျယ်ဖွယ် မရှိပါဘူး ။ ဒါကြောင့် လင်ဒီလော့ဖ် ပဲ ပြန်ပါလာဖို့ များပါတယ် ။ ကျန်တဲ့ သူတွေလည်း အပြောင်းအလဲ ရှိမှာ မဟုတ်ပါဘူး ။
SM ရဲ့ ခန့်မှန်းလူစာရင်း –
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ ရှော
မာတစ် ၊ ပေါ့ဘာ ၊ ဗန်ဒီဘိ
မာတာ ၊ ကာဗာနီ ၊ ရက်ဖိုဒ့်