ချယ်လ်ဆီးအသင်းတွင် အကောင်းဆုံးပုံစံပြသနေသည့် အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘင်ချီဝဲလ်သည် ရာသီကုန်အထိ အနားယူရဖွယ်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်သည်ဟု အသင်းနည်းပြ တူဟယ်လ်က ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းပရိသတ်များသည် ဘင်ချီဝဲလ်၏အခြေအနေကို အလွန်စိုးရိမ်နေကြပြီး သူသည် ယင်းဒဏ်ရာကို ဂျူဗင်တပ်စ်နှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
တူဟယ်လ်က ”သူ့ရဲ့ ဒဏ်ရာက အရမ်းနာကျင်နေပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံံးလည်း စိုးရိမ်နေကြပါတယ်။ ချီဝဲလ်က အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့်လည်း ဒီ အခြေအနေအတွက် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဒဏ်ရာကို ဆေးစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီထက်ပိုပြီး အတိအကျတော့မသိသေးပါဘူး။ ဆေးစစ်ဆေးမှုရလဒ်တွေ ထွက်လာရင်တော့ သိရမှာပါ”ဟု ပြောကြားခဲ့သည်။