spot_img

ရာမို့စ် ၊ ကက်စ်မဲရိုး ၊ ဘန်ဇီးမား တို့ မပါပဲ ဗီလာရီးရဲ ကို ရင်ဆိုင်ရတော့မယ့် ရီးရဲ မက်ဒရစ်

ရီးရဲ မက်ဒရစ် ဟာ ဒီကနေ့ ညမှာတော့ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေတဲ့ ဗီလာရီးရဲ အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဗီလာ ရီးရဲ ဟာ ဒီရာသီ အိမ်ကွင်း ရလာဒ် အကောင်းဆုံး လာလီဂါ အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး ၊ စုစုပေါင်း 5 ပွဲ ကစားထားရာ 4 ပွဲ နိုင် ၊ 1 ပွဲ သရေ ရလာဒ် ထွက်ပေါ် ထားပါတယ်။

နည်းပြ ဇီဒန်း ကတော့ ဒီပွဲအတွက် သူ အသုံးပြုမယ့် ကစားသမား 20 ဦး ကို တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီး ၊ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရာမို့စ် ၊ ဘန်ဇီးမား ၊ ကက်စ်မဲရို တို့ဟာ အကြောင်းပြချက် အမျိုးမျိုး နဲ့ လွဲချော်သွားခဲ့ ပါတယ်။

myan789

ဘန်ဇီးမား ဟာ ဗလင်စီယာ ကို ရှုံးနိမ့်တဲ့ ပွဲစဉ် မှာ ကတည်းက ကြွက်သား ဒဏ်ရာ အနည်းငယ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကြားထဲမှာ နိုင်ငံတကာပွဲစဉ်တွေကြောင့် 2 ပတ် အထိ နားခွင့်ရှိခဲ့ပေမယ့် ကြံ့ခိုင်မှုဟာ ပုံမှန်အတိုင်း ပြည့်၀ လာခြင်း မရှိသေးပါဘူး။ မနေ့က ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေ အရတော့ သူဟာ အသင်းဖော်တွေ နဲ့ အတူ လေ့ကျင့်ခန်း အစီအစဉ် တစ်ချို့ကို ပါဝင်လုပ်ဆောင်ထားတာ တွေ့ရပါတယ်။

ဒါကြောင့် ဒီပွဲမှာ ပါဝင် ကစားပေးနိုင်ခြင်း မရှိရင်တောင် အင်တာမီလန် နဲ့ ကစားမယ့် ချန်ပီယံလိ၈် အဆုံးအဖြတ် ပွဲစဉ်ကိုတော့ သေချာပေါက် ပါဝင်လာဖွယ် ရှိနေပါတယ်။

ရီးရဲ အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုက ဘန်ဇီးမား ကစားပေးနိုင်ခြင်း မရှိချိန်မှာ ၊ ဒုတိယ ဦးစားပေး တိုက်စစ်မှုး ဖြစ်တဲ့ ဂျိုဗစ် ဟာလဲ ဗိုင်းရပ် ပိုး ကူးစက်ခံထားရတာကြောင့် ပါဝင်နိုင်ခြင်း မရှိပြန်ပါဘူး။ ဒါကြောင့် လက်ရှိမှာ ကြံံ့ခိုင်မှု အပြည့်ဖြစ်နေတဲ့ တိုက်စစ်မှုး စစ်စစ် ဆိုလို့ မာရီယာနို ဒီယက် တစ်ယောက်သာ ကျန်တော့ပါဘူး။

ဒီယက် ဒီရာသီမှာ အသင်းအတွက် စုစုပေါင်း 14 မီးနစ်သာ ပါဝင် ကစားခွင့် ရရှိသေးပြီး ၊ မနှစ်က ဘောလုံးရာသီ ကလဲ စုစုပေါင်း မှ 89 မီးနစ်သာ ကစားခွင့် ရရှိထားသူ ဖြစ်ပါတယ်။

ကက်စမဲရိုး နဲ့ မီလီတာအို တို့ နှစ်ယောက် ကတော့ ဗိုင်းရပ် ကူးစက်ခံရမှု ကနေ ပျောက်ကင်းသွားပြီလို့ ယူဆရပြီး ၊ လက်ရှိမှာ ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်တွေ အရ ကွာရာတင်း ဝင်နေဆဲ ဖြစ်ပါတယ်။ နောက်ထပ် ဗိုင်းရပ် ကူးစက်ခံခဲ့ရတဲ့ တောင်ပံ ကစားသမား ဟာဇက် ကတော့ ဒီပွဲ အတွက် ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်လာနိုင်ခဲ့ပါပြီ။

အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ဟာ စပိန်အတွက် ကစားပေးရင်း ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ၊ အနည်းဆုံး 3 ပွဲ အထိ လွဲချော်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် သူဟာ နောက်တစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်ရောက်မှပဲ ပြန်လည် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

ပြင်သစ် နောက်ခံလူ ဗာရန်း ဟာ ပုခုံး ဒဏ်ရာပြသနာ ရှိနေတယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ၊ ဗီလာရီးရဲ နဲ့ ကစားမယ့် လူစာရင်းမှာ ပါဝင်လာတာကြောင့် ၊ သူနဲ့ နာချို ဟာ ဗဟိုခံစစ်နေရာမှာ ပူးတွဲ တာဝန်ယူလာဖွယ်ရှိနေပါတယ်။

ဇီဒန်း အတွက် သတင်းကောင်း တစ်ခုက ကာလအတန်ကြာ အနားယူနေခဲ့ရတဲ့ ညာနောက်ခံလူ ကာဗာဟယ် ကြံ့ခိုင်မှု အပြည့်နဲ့ ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။ သူကလဲ စက်တင်ဘာလ 30 ရက်နေ့ ကတည်းက ဒဏ်ရာ ပြသနာကြောင့် အနားယူထားခဲ့ရသူ ဖြစ်ပါတယ်။

လူငယ် ကွင်းလယ် ကစားသမား ဗယ်ဗာဒီ ကတော့ ဒီဇင်ဘာ လလယ်ပိုင်းမှ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိပါတယ်။

ဗီလာရီးရဲ နဲ့ ရင်ဆိုင်မယ့် ရီးရဲ မက်ဒရစ် ကစားသမား စာရင်း

ဂိုး – ကော့တွိုက်စ် ၊ လူနင် ၊ အာတူဘီ
နောက်တန်း – ကာဗာဟယ် ၊ ဗာရန်း ၊ နာချို ၊ မာဆယ်လို ၊ မန်ဒီ ၊ ချု့
အလယ်တန်း – ခရူး ၊ မိုဒရစ် ၊ အိုဒီဂရတ် ၊ အစ္စကို ၊ အာရန်ဒါ
ရှေ့တန်း – ဟာဇက် ၊ အဆန်စီယို ၊ လူးကပ် ၊ ဗီနီစီးယပ် ၊ မာရီယာနို ဒီယက် ၊ ရိုဒရီဂို

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular