spot_img

ရပ်ရှ်ဖို့ဟာ သူ့ကိုစိတ်ဓါတ် တက်ကြွအောင် လုပ်ပေးသူ ဖြစ်ကြောင်း ရှင်းပြလိုက်တဲ့ လိဒ်စ် ကြယ်ပွင့် ပတ်ထရစ် ဘမ်းဖို့ဒ်

လိဒ်စ် ယူနိုက်တက် အသင်းရဲ့ အသက် 27 နှစ် အရွယ် တိုက်စစ်မှူး ဖြစ်သူ ပတ်ထရစ် ဘမ်းဖို့ဒ်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ က ကွင်းအတွင်း သူ့ကို ပိုကောင်းစေနိုင်ဖို့ စိတ်ဓါတ် တက်ကြွမှု တွေကို ပေးကြောင်း ဖွင့်ဟခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ကြယ်ပွင့် မားကပ်စ် ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အစားအသောက် အခက်အခဲတွေ ကြုံတွေ့ နေခဲ့ကြတဲ့ ချို့တဲ့သူ ကလေးငယ်တွေ အတွက် အစားအသောက်တွေ အခမဲ့ ရရှိစေဖို့ အင်္ဂလန် အစိုးရကို စည်းရုံး နိုင်ခဲ့တဲ့ အတွက် MBE ဘွဲ့ ရရှိခဲ့ ပါတယ် ။

myan789

အခုတော့ ပတ်ထရစ် ဘမ်းဖို့ဒ်က ယူနိုက်တက် ကြယ်ပွင့်ရဲ့ လုပ်ဆောင်မှုတွေဟာ သူတို့တွေ ကွင်းပြင်ပမှာလည်း အပေါင်း လက္ခဏာ ဆောင်ကျဉ်းစေနိုင်မယ့် အသံတွေကို ထုတ်လွှင့် နိုင်ကြောင်း ပြသခြင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကစားသမား တစ်ဦး အနေနဲ့ ကွင်းထဲမှာလည်း အများကြီး လုပ်နိုင်သလို ကွင်းပြင်ပမှာလည်း လုပ်နိုင်တာတွေ အများကြီး ရှိသေးတယ်ဆိုတာကို ဒီနှစ် မားကပ်စ် ရပ်ရှ်ဖို့ ပြသခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ် ။ အခုတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော်တို့ကို အများကြီး စိတ်ဓါတ် တက်ကြွစေပါတယ် ”

” အဲ့ဒီလို လုပ်ဆောင်ချက် တွေက ကျွန်တော့်ကိုလည်း ကွင်းပြင်ပမှာ ကွင်းပြင်ပမှာ အလုပ်တွေ ပိုပြီး လုပ်နိုင်ဖို့ တွန်းအားပေးပါတယ် ။ ကျွန်တော်လည်း အပြောင်းအလဲ တွေကို လုပ်နိုင်တယ် ဆိုတဲ့ ခံစားချက်တွေလည်း ဖြစ်စေပါတယ် ။ ကျွန်တော်တင် မဟုတ်ပါဘူး ၊ ဒါကို လူသားတွေ အားလုံး လုပ်နိုင်ကြ ပါတယ် ” လို့ ဘမ်းဖို့ဒ် က ပြောခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန်မှာ ဘမ်းဖို့ဒ် ကိုယ်တိုင်ဟာ လူမှုကူညီရေး ကိစ္စတွေကို တက်ကြွစွာ လုပ်ဆောင် နေခဲ့သလို ဘောလုံး လောကဟာ အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ၊ လူတိုင်းလူတိုင်းလည်း မိမိတို့ရဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ရေးမှာ ကူညီပေးနိုင်ကြောင်း လှုံ့ဆော်နေခဲ့ ပါတယ် ။

” အားကစားတွေ ကစားနိုင်ဖို့ ပတ်ဝန်းကျင်ကို လိုအပ်ပါတယ် ။ ပြင်ပမှာ အားကစား အမျိုးအစား ဘယ်လောက်တောင် ရှိနေသလဲ ဆိုတာ စဉ်းစားကြည့်လိုက်ပါ ။ ယခင်က နိုင်ငံတွေမှာ တောမီး လောင်တဲ့ အကြောင်း ကျွန်တော်တို့ အမြဲလို တွေ့ခဲ့ကြပါတဟ် ။ ဒါပေမဲ့ ငါတို့နဲ့ အဝေးကြီးပါကွာ ဆိုတဲ့ အတွေးတွေပဲ တွေးတောခဲ့ကြ ပါတယ် ”

” အဲ့တာမျိုး အင်္ဂလန်မှာ ထပ်ပြီး ဖြစ်မှာ မဟုတ်တော့ပါဘူး ။ ဒါတွေက အလေးအနက် ထားပြီး တွေးတောကြရတော့မယ့် ပြသနာမျိုး ဖြစ်နေပါပြီ ။ ကျွန်တော်တို့ ဒီလို ပြသနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ၊ တန်ပြန် သက်ရောက်ဖို့ လိုအပ်နေပါပြီ ” လို့ ဘမ်းဖို့ဒ် က ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular