spot_img

ယူရိုပါလိဂ်အတွက် ပြင်ဆင်ရာတွင် အခြားလိဂ်များမှ အသင်းများက မိမိတို့ထက် အနားယူချိန် ပိုရသည်ဟု အင်တာနည်းပြ ကွန်တီ ညည်းတွား

အင်တာမီလန်နည်းပြ ကွန်တီက ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်ရာတွင် အခြားလိဂ်များမှ အသင်းများက မိမိတို့အပါအဝင် အီတလီအသင်းများထက် အနားယူချိန် ပိုရနေပြီး မိမိတို့မှာမူ ပိုမိုအင်အားကုန်ခန်းနေသည်ဟု ညည်းတွားပြောဆိုခဲ့သည်။

ယူရိုပါလိဂ်ပြိုင်ပွဲအား သြဂုတ်(၅)ရက်နေ့တွင် ပြန်လည်စတင်သွားမည်ဖြစ်ပြီး ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ကစားပြီးထားသည့်အသင်းများက ဒုတိယအကျော့အဖြစ်လည်းကောင်း၊ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပထမအကျော့ မကစားရသေးသည့် အင်တာမီလန်-ဂီတာဖေး၊ ရိုးမား-ဆီဗီလာပွဲများက တစ်ကျော့တည်းအဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

myan789

အင်တာမီလန်အသင်းသည် သြဂုတ်(၆)ရက်နေ့တွင် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲမှာ စီးရီးအေရာသီပိတ်ပွဲနှင့် (၄)ရက်သာ ကွာဟနေသည်။အင်တာမီလန်၏ပြိုင်ဘက် ဂီတာဖေးမှာမူ ဇူလိုင်(၂၀)ရက်ကတည်းက လာလီဂါရာသီသိမ်းခဲ့၍ (၂)ပတ်ကျော် အနားရထားပြီး အင်တာမီလန်ထက် လန်းဆန်းနေမည်ဖြစ်သည်။ဥရောပထိပ်တန်းလိဂ်များတွင် ရာသီမသိမ်းသေးသည်မှာ အီတလီတစ်နိုင်ငံတည်း ရှိနေသည်။

ကွန်တီက ”ဒီအပတ်လာမယ့် ပွဲစဉ်(၃၈)က ကျွန်တော်တို့ (၃)ရက်တစ်ပွဲနှုန်း ကစားခဲ့ရတဲ့ ပွဲစဉ်ဇယားရဲ့ နောက်ဆုံးအပိုင်းပါပဲ။ ကျွန်တော်တို့ဟာ ပွဲစဉ်(၁၄)ပွဲကို အချိန်လုံလုံလောက်လောက်မရှိဘဲ ကစားခဲ့ရပြီး ဒီအတွက် စွမ်းအင်တွေ အများကြီးသုံးခဲ့ရပါတယ်။ ကျွန်တော်တို့ လိဂ်ပြိုင်ပွဲကို သေချာပေါက် ကောင်းကောင်းပိတ်သိမ်းရပါမယ်။ ကစားသမားတွေ အားလပ်ရက်ရပြီး မိသားစုနဲ့အတူ မဖြတ်သန်းရတာ ဘယ်လောက်ကြာပြီလဲဆိုတာတောင် ကျွန်တော် မမှတ်မိတော့ပါဘူး။ ကျွန်တော်တို့ဟာ ရာသီပိတ်ကို ဥရောပပြိုင်ပွဲနဲ့ ပိတ်သိမ်းရမှာဖြစ်ပြီး ပြိုင်ဘက်တွေက ကျွန်တော်တို့ထက် နားချိန်ပိုရထားတယ်ဆိုတာကို သိနားလည်ထားရပါလိမ့်မယ်။ တခြားနိုင်ငံက ကလပ်အသင်းတွေက စွမ်းအင်ပြန်ပြည့်ဖို့ အချိန်ပိုရထားပြီး အခုမီနီပြိုင်ပွဲ(ယူရိုပါလိဂ်)ကို ကျွန်တော်တို့ထက် ပိုသာတဲ့ စွမ်းအင်တွေနဲ့ ယှဉ်ပြိုင်နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အဲဒီပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာပဲဖြစ်လို့ အကောင်းဆုံးကြိုးစားကစားဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် စီးရီးအေရာသီ ပိတ်ပွဲစဉ်အား အတ္တလန်တာနှင့် အဝေးကွင်းပွဲ ကစား၍ ဒုတိယနေရာအတွက် ပြိုင်ဆိုင်ရဦးမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular