ဆွီဒင် – ပိုလန် (မြန်မာစံတော်ချိန် ဇွန် ၂၃ ရက် ည ၁၀:၃၀ နာရီ)
နှစ်သင်းစလုံးရဲ့ ကစားပုံက အားရစရာတော့မဟုတ်ဘူး။ မာကျောပြီး စိတ်ဓာတ်ကောင်းတဲ့အသင်းတွေဖြစ်ပေမယ့် အ ရည်အသွေးပိုင်းမှာ သူတို့လုပ်ပြနိုင်သလောက် မလုပ်ပြနိုင်ဘူး ဖြစ်နေတယ်။ လက်ရှိ Rhythm အရဆိုရင်တော့ ဆွီဒင်က ပိုအ ထင်ကြီးစရာကောင်းပေမဲ့ ပိုလန် မရှုံးလောက်ဘူးထင်တယ်။
ဆလိုဗက်ကီးယား – စပိန် (မြန်မာစံတော်ချိန် ဇွန် ၂၃ ရက် ည ၁၀:၃၀ နာရီ)
စပိန်ရဲ့ လက်ရှိ တိုက်စစ်ကစားပုံနဲ့တော့ ဘယ်အသင်းပဲဖြစ်ဖြစ် ခက်ခဲနေဦးမယ်ထင်တယ်။ ဒီအုပ်စုမှာ နှစ်ပွဲကစား၊ နှစ်ပွဲသရေ၊ သွင်းဂိုး (၁)ဂိုးဆိုတာ စပိန် ကြုံတွေ့ရမယ့် အခြေအနေကို ကြိုတွက်ထားကြတဲ့အတိုင်းပါပဲ။ ဒီပွဲမှာတော့ (၁-ဝ) လောက် နဲ့ပဲ ဖြစ်ဖြစ် စပိန်နိုင်အောင် ကစားမယ်ထင်တယ်။
ပေါ်တူဂီ – ပြင်သစ် (မြန်မာစံတော်ချိန် ဇွန် ၂၄ ရက် နံနက် ၁:၃၀ နာရီ)
ဂျာမနီနဲ့ ပွဲမှာ ကစားခဲ့တဲ့ ပေါ်တူဂီရဲ့ခံစစ်ပိုင်းက စိတ်ပျက်စရာဖြစ်တယ်။ ပီပီက အတွေ့အကြုံရင့်သလို၊ မာကျောပေမဲ့ လုံလောက်တဲ့ အမြန်နှုန်းမရှိဘူး။ ဒါကြောင့် နာဘရီကို ရင်ဆိုင်ရာမှာ အခက်အခဲတွေရှိခဲ့ပြီး ဘာပေနဲ့ဆိုရင် ပိုပြီးခက်ခဲနိုင်တယ်။ ရူဘင်ဒီယက်စ်ကလည်း ပီပီနဲ့ အတွဲအဖက်မမိသလို၊ တစ်ဦးချင်းအနေနဲ့လည်း သာမန်ခြေစွမ်းလောက်ပဲ ကစားနိုင်တာတွေ့ရတယ်။ ပြင်သစ်ရဲ့ခံစစ်ကစားပုံက ပေါ်တူဂီထက် အများကြီးပိုကောင်းသလို၊ ကွင်းလယ်မှာလည်း ပြင်သစ်က ပိုအတွေ့အကြုံရင့်၊ မာကျောပြီး အရည်အသွေးမြင့်ပါတယ်။ တိုက်စစ်ပိုင်းမှာ နှစ်သင်းစလုံး သိပ်မကွာကြဘူး။ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်။ ခြုံပြီးပြောရရင်တော့ ပြင်သစ်က ပိုမာကျောပြီး၊ စိတ်ချရတယ်။ ဒါကြောင့် ပြင်သစ်ကိုပဲ ကြိုက်တယ်။
ဂျာမနီ – ဟန်ဂေရီ (မြန်မာစံတော်ချိန် ဇွန် ၂၄ ရက် နံနက် ၁:၃၀ နာရီ)
ဂျာမနီက ပေါ်တူဂီနဲ့ပွဲမှာ ဂီယာပိုတင်နိုင်ခဲ့ပြီး၊ ဒီအရှိန်ကို ဆက်ထိန်းထားဖို့ပဲ လိုတယ်။ လက်ရှိအနေအထားက ထိန်းထားနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ ဟန်ဂေရီက အိမ်ကွင်းနှစ်ပွဲ ကစားခဲ့ပြီးနောက် ဒီပွဲကတော့ ဂျာမနီမြေမှာကစားရမှာဖြစ်လို့ ဟန်ဂေရီအတွက် အခက်ဆုံးပွဲလည်းဖြစ်တယ်။ ဂျာမနီပဲနိုင်မယ်။