ဖင်လန် – ရုရှား (မြန်မာစံတော်ချိန် ဇွန် ၁၆ ရက် ည ၇:၃၀ နာရီ)
ဖင်လန်က အုပ်စုအဖွင့်ပွဲမှာ ဒိန်းမတ်ကိုအနိုင်ကစားထားပြီး ရုရှားကတော့ အိမ်ကွင်းမှာ ဘယ်လ်ဂျီယံကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီပွဲသာ သရေရလဒ်ဆိုရင် ဖင်လန်အတွက် အခွင့်အရေးကောင်းလာနိုင်ပြီး ဒီအခြေအနေက ရုရှားကို အုပ်စုက လှည့်ပြန်ရစေမယ့် အခြေအနေလည်းဖြစ်တယ်။ ဒိန်းမတ်ကို ကစားခဲ့ပုံအရ ဖင်လန်ရဲ့ခံစစ်ကို လျှော့တွက်လို့မရပေမဲ့ ဒီတစ်ပွဲတော့ ရုရှား အမှားမကျူးလွန်လောက်ဘူးလို့ ထင်တယ်။ ရုရှား နိုင်ပွဲစယူလိမ့်မယ်။
တူရကီ – ဝေးလ်စ် (မြန်မာစံတော်ချိန် ဇွန် ၁၆ ရက် ည ၁၀:၃၀ နာရီ)
တူရကီက အီတလီကို ဂိုးပြတ်ရှုံးခဲ့ပြီး ခြေစွမ်းအမှန်ကိုတော့ မပြသနိုင်ခဲ့ဘူး။ အီတလီမြေမှာ သွားကစားရတာဖြစ်လို့ အခက်အခဲရှိခဲ့တာလည်း ပါလိမ့်မယ်။ ဝေးလ်စ်ကတော့ ဆွစ်ဇာလန်နဲ့ ပွဲမှာ တော်တော်အားနည်းခဲ့ပါတယ်။ နှစ်သင်းစလုုံးရဲ့အဓိက ပြဿနာက ယူရိုပြိုင်ပွဲနီးချိန်မှာ ခြေပျက်နေကြတာဖြစ်ပြီး ရောက်သင့်တဲ့အဆင့်ကို မရောက်ကြဘူးဖြစ်နေတယ်။ လက်ရှိအနေ အထားအရတော့ တူရကီ အလေးသာမယ်လို့ ထင်တယ်။
အီတလီ – ဆွစ်ဇာလန် (မြန်မာစံတော်ချိန် ဇွန် ၁၇ ရက် နံနက် ၁:၃၀ နာရီ)
အဖွင့်ပွဲမှာ ဆွစ်ဇာလန်က အဖိုးတန် အမှတ် (၂)မှတ်ကို လွှင့်ပစ်ခဲ့ပြီး ဝေးလ်စ်ကို အနိုင်ရခဲ့သင့်ပါလျက်နဲ့ သရေပဲ ကစားနိုင်ခဲ့တယ်။ အီတလီကတော့ ပုံမှန်အတိုင်း ခြေစွမ်းပြနေပြီး နိုုင်ပွဲဆက်နေတုန်း၊ Clean Sheet တွေကို ထိန်းထားတုန်းပါပဲ။ အီ တလီက ပိုကောင်းတဲ့အသင်းဖြစ်ပြီး လက်ရှိ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်က အကောင်းဆုံးပုံစံမှာရှိနေလို့ နိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းပြီး နောက်တစ်ဆင့်ကို စောစောစီးစီးတက်သွားမယ်ထင်တယ်။