spot_img

ယူရို-၂၀၂၀ ပြိုင်ပွဲကျင်းပမည့် မြို့ကြီး (၁၂) မြို့ထဲမှ ဒဗ္ဗလင်၊ ဂလက်စကိုနှင့် ဘီလ်ဘာအိုမြို့တို့ ထုတ်ပယ်ခံရဖွယ်ရှိနေ

၂၀၂၁ သို့ ရွှေ့ပြောင်းကျင်းပရန် စီစဉ်ထားသည့် ယူရို-၂၀၂၀ ပြိုင်ပွဲ ကျင်းပမည့် မြို့ကြီး (၁၂) မြို့ထဲမှ ဒဗ္ဗလင်၊ ဂလက်စကိုနှင့် ဘီလ်ဘာအိုမြို့တို့မှာ ဖယ်ထုတ်ခံရဖွယ် ရှိနေကြောင်း သိရှိရသည်။

UEFA သည် ယူရို-၂၀၂၀ ပြိုင် ပွဲ ကျင်းပမည့် ကွင်းများတွင် ပရိသတ်အရေအတွက်ကို အနည်းဆုံး (၂၅) ရာခိုင်နှုန်းအထိ ပြည့်နေစေရန် ဆန္ဒရှိပြီး ယင်းမြို့ကြီးများမှာမူ သက်ဆိုင်ရာ အစိုးရများ၏ ပေါ်လစီအပေါ်မူတည်ကာ အာမခံချက်မပေးနိုင်သဖြင့် ဖယ်ထုတ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

myan789

UEFA သည် မကြာသေးမီက ပြိုင်ပွဲတစ်ခုလုံးကို ဗြိတိန်တွင် လက်ခံကျင်းပရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ထံ ကမ်းလှမ်းခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး၊ ယင်းသတင်းများနှင့် ပတ်သက်၍ ဘောရစ်ဂျွန်ဆင်၏ ပြောရေးဆိုခွင့်ရှိသူကမူ ပြိုင်ပွဲတစ်ခုလုံးကို လက်ခံကျင်းပရန်မှာ ဖြစ်နိုင်ခြေမရှိကြောင်း ပြောခဲ့ဖူးသည်။

သို့ရာတွင် ယင်းမြို့ကြီးများတွင် ကျင်းပရန် အဆင်မပြေခဲ့ပါက အင်္ဂလန်နိုင်ငံတွင် ပွဲအရေအတွက် တိုးရန်မှာမူ ဖြစ်နိုင်ဖွယ်ရှိသည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းသည် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ (၃)ပွဲအပါအဝင် (၇) ပွဲကို လက်ခံကျင်းပမည်ဖြစ်ပြီး၊ ထပ်တိုးလာမည့် ပွဲစဉ်များအတွက်မူ လီဗာပူးလ်နှင့် မန်ချက်စတာမြို့တို့က ကူညီဖွယ်ရှိနေသည်။

ဗြိတိန်သည် ကိုဗစ်ကာကွယ် ဆေးထိုးနှံမှုတွင် ဥရောပ၌ အရှိန်အမြင့်ဆုံးလုပ်ဆောင်လျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular