အင်္ဂလန် – ဒိန်းမတ် (မြန်မာစံတော်ချိန် ဇူလိုင် ၈ ရက် နံနက် ၁:၃၀ နာရီ)
ဒိန်းမတ်က ကြံ့ခိုင်မှုအားကောင်းတယ်။ နည်းဗျူဟာပိုင်း Flexible ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အရမ်းအားကောင်းနေချိန်ဖြစ်တယ်။ အင်္ဂလန်အသင်းက တစ်ဦးချင်းပိုကောင်းပြီး၊ အသင်းလိုက်အနေနဲ့လည်း ပိုမြန်တဲ့အသင်းဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒါပေမဲ့ အင်္ဂလန်အသင်းရဲ့အကောင်းဆုံးပုံစံ ပျောက်ဆုံးနေရင်တော့ ဒိန်းမတ်က အန္တရာယ်ပေးနိုင်တဲ့အသင်းမျိုး ဖြစ်တယ်။ ပေါလ်ဆင်၊ ဒိုးလ်ဘတ်၊ ဒီလေးနီတို့လို ကစားသမားတွေက မထင်မှတ်တာတွေကို လုပ်ပြနိုင်ပြီး ဒိန်းမတ်တိုက်စစ်ဟာ ဒီပြိုင်ပွဲမှာ အင်္ဂလန်ထက် (၃)ဂိုးပိုသွင်းထားတယ်ဆိုတာကိုလည်း မမေ့သင့်ဘူး။ ဒါပေမဲ့ အင်္ဂလန်အသင်းရဲ့အားသာချက်က တစ်သင်းလုံး ဟန်ချက်ညီနေခြင်း၊ တစ်သင်းလုံး အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းဖြစ်ပြီး အရန်ကစားသမားအင်အားကိုလည်း မဖြစ်မနေ ထည့်စဉ်းစားရမယ်။ ဆန်ချို၊ ဖိုဒန်၊ ဆာကာတို့ထဲက ဘယ်သူပဲကစားကစား ပြဿနာမရှိသလို၊ မေဆန်မောင့်နဲ့ ဂရီးလစ်ရှ်ကလည်း တစ်ယောက်တစ်မျိုးစီ အကျိုးပြုနေတယ်။ စတာလင်+ကိန်းအတွဲက ပြိုင်ပွဲရဲ့အကောင်းဆုံး အတွဲအဖက်ဖြစ်ပြီး ဒိန်းမတ်ခံစစ်ကို ဂိုးသွင်းနိုင်မှာပါ။ အင်္ဂလန်ပဲ ဗိုလ်လုပွဲတက်မယ်။