spot_img

ယူရို ဗိုလ်လုပွဲ မတိုင်မှီ အင်္ဂလန် လူငယ် ကြယ်ပွင့် တစ်ဦးကို ချီးကျုးလိုက်ပြီး ဖိုင်နယ်ပွဲထွက်ခွင့် နဲ့ ထိုက်တန်တယ်လို့ ဆိုတဲ့ အီယန်ရိုက် နဲ့ ရွိုင်ကိန်း

ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ အီယန်ရိုက် နဲ့ ရွိုင်ကိန်း တို့ဟာ အီတလီ နဲ့ ကစားရမယ့် ယူရို ဗိုလ်လုပွဲ မတိုင်မှီ အင်္ဂလန် အသင်းရဲ့ လူငယ် ကြယ်ပွင့် ဘူကာရို ဆာကာ ကို ချီးကျုး သွားခဲ့ပါတယ် ။

ဆာကာ ဟာ ဒီနှစ် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ချက် အသင်း ၊ ဂျာမနီ ၊ ဒိန်းမတ် အသင်းတို့နဲ့ ပွဲတွေမှာ ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဆာကာ ဟာ ဒိန်းမတ် နဲ့ ပွဲမှာ အင်္ဂလန် အတွက် အဖိုးတန် ချေပဂိုးကို ဖန်တီး ပေးနိုင် ခဲ့သူပါ ။

myan789

ဆာကာ ဟာ ဒိန်းမတ် နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိတာကြောင့် ဆီမီးဖိုင်နယ် အဆင့်မှာ ပွဲထွက် ကစားခွင့် ရရှိတဲ့ အသက် အငယ်ဆုံး အင်္ဂလန် ကစားသမား ဖြစ်ခဲ့ပါတယ် ။ ဆာကာ ဟာ အီတလီ နဲ့ ဖိုင်နယ်ပွဲမှာလည်း ပွဲထွက် ကစားရဖို့ ရှိနေပါတယ် ။

မန်ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ ရွိုင်ကိန်း က ဆာကာ ရဲ့ ခြေစွမ်းဟာ ဗိုလ်လုပွဲမှာ ပွဲထွက် ကစားခွင့် ရရှိဖို့ ထိုက်တန်တယ်လို့ ITV နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။ ” သူ(ဆောက်ဂိတ်) မှာ ရွေးချယ်စရာကောင်းတွေ ရှိနေပါတယ် ”

” ဆာကာ ကစားတာ ကြည့်ရတာ သိပ်ကောင်းပါတယ် ၊ လူတွေက လူငယ်တွေရဲ့စွမ်းဆောင်ရည် အပေါ် စိုးရိမ်တတ်ကြပါတယ် ။ ဒါပေမယ့် ခုဆို သူက အင်တာဗျူး ခံနေရပါပြီ ၊ သူက အခက်အခဲမှန်သမျှ ကို ရင်ဆိုင် ကျော်ဖြတ် ပြခဲ့ပြီးပါပြီ ။ “.

” သူ့ရဲ့မြန်နှုန်း ၊ ရွေ့လျားပုံတွေက တကယ့်ကို ထူးချွန် ပြောင်မြောက် ပါတယ် ။ ကိန်းတစ်ယောက် နောက်ထိ ဘောလုံးထိ ဆင်းယူမယ်ဆိုရင် အမြန်နှုန်း ရှိတဲ့ ကစားသမားက အရေးကြီးပါတယ် ၊ ပြိုင်ဘက် အီတလီ ဘက်ခြမ်းကို ဘယ်လို ထိုးဖောက်တိုက်စစ်ဆင်မလဲ ဆိုတာ အဲ့ဒီပွဲရဲ့ အရေးကြီးဆုံး အပိုင်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ကလည်း ” ဆာကာ က ဘောလုံး ရတာနဲ့ ပြိုင်ဘ​က် ကွင်းလယ် နဲ့ ခံစစ်ကို ထိုးဖောက်ပြီး တစ်စုံတစ်ခု လုပ်ပြ ပါလိမ့်မယ် ။ ရှေ့ပွဲတွေမှာလည်း ကျနော်တို့ သူ လုပ်ပြနိုင်တဲ့ အရာတွေကို မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ဒါကြောင့်လည်း ဆောက်ဂိတ် က သူ့ကို ယုံကြည်မှု ရှိတာ ဖြစ်နိုင်ပါတယ် ၊ ဆာကာ တစ်ယောက် မိနစ် ၆၀ လောက်အထိ ကစားခွင့် ရမယ်လို့ ထင်ပါတယ် ၊ ပြီးရင်တော့ ဆန်ချို သို့မဟုတ် ရက်ရှ်ဖိုဒ့် သို့မဟုတ် ဂရီးလစ်ရှ် ကို ထည့်လို့ ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဖိုင်နယ် ပွဲအတွက် အင်္ဂလန် အသင်း ကစားသမား ၂၆ ဦးမှာ ၂၅ ဦးဟာ ကြံ့ခိုင်မှု ပြည့်ဝ နေကြပြီး ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေတဲ့ မန်စီးတီး စတား ဖိုဒန် ကတော့ ပါဝင် ကစားနိုင်ဖွယ် မရှိပါဘူး ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular