မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ တုန်းက အတ္တလန္တာ အသင်းမှ လူငယ် ကြယ်ပွင့် တိုက်စစ် ကစားသမားလေး တစ်ဦး ဖြစ်တဲ့ အာမတ် ဒီယာလိုကို ပေါင် 19 သန်း ( + ပေါင် 18 သန်း ) နဲ့ ခေါ်ယူ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် အလုပ် ပါမစ် စောင့်နေ ခဲ့တဲ့ အတွက် ကစားသမားလေးကို အရောက် မခေါ်ယူ နိုင်ခဲ့ ပါဘူး ။
အဆိုပါ အချိန် ကတည်းက ဒီယာလိုဟာ ဇန်နဝါရီမှာ အသင်းဆီ ရောက်လာ လိမ့်မယ်လို့ သတင်းကြီးခဲ့ ပါတယ် ။ အခုတော့ သတင်းတွေ ကြီးနေ ခဲ့တဲ့ အတိုင်းပဲ ဒီယာလိုဟာ အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ်အသင်းဆီ ဇန်နဝါရီမှာ အပြီးသတ် ပြောင်းရွှေ့ လာနိုင်ခဲ့ ပါပြီ ။
ဒါ့အပြင် ကာရင်တန် လေ့ကျင့်ရေးကွင်းထဲ ရောက်လာ ခဲ့တဲ့နောက် အသင်း နဲ့ အင်တာဗျူး လုပ်ဆောင်ခွင့် ရရှိ ခဲ့တဲ့ ဒီယာလိုဟာ သူ့ရဲ့ အကြောင်းတွေကို ပြောပြဖြစ်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ သူက ဒီရာသီ အတ္တလန္တာ စီနီယာ အသင်း အတွက် ပွဲချိန် 35 မိနစ်သာ ကစားခွင့် ရရှိ ထားခဲ့ပါ သေးတယ် ။
အခုတော့ အသင်းသစ်မှာ ဘယ်သူတွေဆီက ပညာ ဆည်းပူးမလဲ ၊ ဘယ်သူတွေဆီက အကြံဉာဏ်တွေ တောင်းယူ ဖြစ်မလဲ ဆိုတဲ့ အကြောင်း အမေး ခံလိုက်ရချိန် မှာတော့ ဒီယာလိုက တစ်နိုင်ငံတည်းသား ဖြစ်သူ အဲရစ် ဘိုင်လီ နဲ့ အီတလီ စကား ပြောတတ်တဲ့ ပေါလ် ပေါ့ဂ်ဘာ တို့ကို ရွေးချယ် သွားခဲ့လိုက် ပါတယ် ။
” သေချာ ပါတယ် ၊ အဲရစ် ( ဘိုင်လီ ) က ကျွန်တော့် အတွက် တစ်ကယ့်ကို အကြံဉာဏ် ပေးနိုင်သူ တစ်ဦး ဖြစ်သွားမှာ ပါပဲ ။ ကျွန်တော်ဟာ ပြီးခဲ့တဲ့ လ,အနည်းငယ် ကတည်းက သူနဲ့ အတူ စကားတွေ ပြောဆို ခဲ့တာမျိုး ရှိခဲ့ သေးပြီး chatting တွေလည်း လုပ်ဖြစ် ခဲ့ပါ သေးတယ် ”
” ကျွန်တော်ဟာ သူ့ဆီကနေ အကြံဉာဏ်တွေ ရယူသွားမှာ ဖြစ်ပြီး သူ ပြောတာတွေကို အသေအချာ လိုက်နာ သွားမှာပါ ။ နောက်ပြီး ပြင်သစ် နဲ့ အီတလီ စကားတွေ ပြောဆိုတတ်သူ အားလုံး ဆီကလည်း ပညာတွေ သင်ယူ သွားမှာပါ ။ ဥပမာ အနေနဲ့ ပြောရရင် ပေါလ် ပေါ့ဂ်ဘာ ပေါ့ဗျာ ။ သူကလည်း ကျွန်တော့် အတွက် အကြံဉာဏ်ကောင်းတွေ ပေးဆောင်သူ ဖြစ်လာနိုင်မှာပါ ” လို့ ဒီယာလို က ပြောခဲ့လိုက် ပါတယ် ။
ဒီယာလိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ ခဲ့တဲ့နောက် လူငယ် အသင်း နဲ့ အတူ လေ့ကျင့်ရေး တွေကို စတင် လုပ်ဆောင်ခဲ့ ရတဲ့ ဖာကွန်ဒို ပယ်လီစထရီ လိုပဲ အိုးလ် ထရပ်ဖို့ဒ်ဆီ ရောက်ရှိ ခဲ့တဲ့နောက် U 23 အသင်း နဲ့ အတူ ကစားခွင့်တွေကို ပိုင်ဆိုင် သွားဖို့ ရှိနေတယ်လို့ သိရ ပါတယ် ။
အပြောင်းအရွှေ့ အပြီးသတ် မဖြစ်ပွားခင် ကတည်းက အတ္တလန္တာ အသင်းဟာ ကစားသမားကို ရာသီ အကုန် အထိ အငှား ခေါ်ယူဖို့ ယူနိုက်တက် အသင်းဆီ ကမ်းလှမ်းခဲ့ပါ သေးတယ် ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ ကစားသမားလေးရဲ့ အရည်အသွေး တွေကို နှစ်ခြိုက်သူ ဖြစ်နေတဲ့ အတွက် လူငယ် အသင်းမှာ ခနလောက်ပဲ ကစား စေမယ်လို့ သတင်းထွက် နေခဲ့ ပါတယ် ။
ဒါပေမယ့် ကစားသမား ဖြစ်သူ ကိုယ်တိုင် ကတော့ နေရာ အသစ်မှာ အသင်းသစ် အတွက် ကစားပေးဖို့ ဆက်လက် မစောင့်ဆိုင်း နိုင်တော့ကြောင်း ၊ အသစ်ဖော် အသစ် တွေနဲ့ ကစားဖို့ စိတ်လှုပ်ရှား နေကြောင်း သူ့ရဲ့ ဆန္ဒတွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော် မစောင့်ဆိုင်း နိုင်တော့ ပါဘူး ။ ကျွန်တော်ဟာ အံ့ဖွယ် အသင်းမှ ခမ်းနားလှတဲ့ ကစားသမား တွေနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ စိတ်လှုပ်ရှား နေပါပြီ ။ ကျွန်တော့်ရဲ့ စွန့်စား ရတဲ့ ခရီးစဉ်က စတင်ပါတော့မယ် ။ ဒီအတွက် ကျွန်တော် စိတ်လှုပ်ရှား နေပါတယ် ” လို့ ဒီယာလို က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။