spot_img

ယူနိုက်တက်နဲ့ သတင်းတွေ ကျယ်လောင်နေစဥ် ဆန်ချို ဘယ်လို ပြုမူနေထိုင်ခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ ဒေါ့မွန် အကြီးအကဲ

ဘိုရုရှား ဒေါ့မွန် အသင်းရဲ့ CEO ဖြစ်သူ ဟန်းစ် ဂျိုအာချင် ဝက်ဇ်ကီးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းတွေ ကျယ်လောင် နေခဲ့စဥ် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားဖြစ်သူ ဂျေဒန်ဆန်ချိုရဲ့ အပြုအမူ တွေဟာ ပရိုဆန်ခဲ့ကြောင်း ချီးကျူး သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ နှစ်တွေ အတော်လေး ကြာခဲ့ပြီး အဆိုပါ ကာလအတွင်း ကမ်းလှမ်းမှုတွေလည်း အကြိမ်ကြိမ် လုပ်ဆောင်ထားဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် အပြောင်းအရွှေ့ဟာ လက်တွေ့မှာတော့ မဖြစ်ခဲ့ပါဘူး ။
ဒါပေမဲ့ မနေ့ကတော့ ဒေါ့မွန် အသင်းဖက်မှ အကြီးအကဲ ဖြစ်သူ ဟန့်စ် ဂျိုအာချင် ဝက်ဇ်ကီး က ဆန်ချိုကို ယူနိုက်တက် အသင်းဆီ ပေါင် 72.9 သန်းနဲ့ ရောင်းချဖို့ သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သလို ယူနိုက်တက် အသင်းဖက်ကလည်း ဆန်ချိုအတွက် သဘော တူညီမှု ရခဲ့ပြီလို့ အတည်ပြုပေးခဲ့ ပါတယ် ။

myan789

ဒါ့ကြောင့် စာချုပ်ပါ အချက်အလက် ဆိုင်ရာ ဆွေးနွေးမှု ၊ ဆေးစစ်မှုတွေ ပြီးရင်တော့ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာနိုင်ပါ လိမ့်မယ် ။ အခုတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ ပုံပြင် ဇာတ်လမ်း အရှည်ကြီးဟာ ကုန်ဆုံးသွားခဲ့ရ ပါပြီ ။

အပြောင်းအရွှေ့သတင်းတွေ ကျယ်လောင်ခဲ့တဲ့ အချိန် ကာလ ဆိုတာ ကစားသမားတွေ အတွက် စိတ် ကစဥ့်ကလျား ဖြစ်စေတဲ့ အခိုက်အတန့် ပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဆိုပါ ကာလအတွင်းမှာ ဆန်ချိုဟာ ပရော်ဖက်ရှင်နယ် ဆန်ဆန် နေထိုင်ခဲ့ကြောင်း ဒေါ့မွန်အကြီးအကဲ ဝက်ဇ်ကီး က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကစားသမား တစ်ဦးဟာ ကိုယ့်ရဲ့ အသင်းမှာ ငယ်စဥ် ကတည်းက ရှိနေမယ် ၊ လေးနှစ်လောက် ကစားပေးမယ်၊ အရာရာ ပေးဆပ်ကစားပေးရင်းနဲ့ အသင်းပြောင်းရွှေ့ချင်တယ် (ဒါ့မှမဟုတ်) ထွက်ခွာချင်ပြီ ဆိုတဲ့ စကားမျိုး ပြောတာက ကျွန်တော်တို့ အတွက် ခြားနားလှ ပါတယ် ”

” ဒါပေမဲ့ ဂျေဒန်ရဲ့ ပြုမူ ဆက်ဆံခဲ့ပုံတွေက လှပလွန်းခဲ့ ပါတယ် ။ သူဟာ ဘောလုံး ရာသီရဲ့ ဒုတိယ ရာသီဝက်မှာ ပရော်ဖက်ရှင်နယ်ဆန်စွာ အကောင်းဆုံး ကြိုးစား ကစားပေးခဲ့ပြီး အသင်းကို ရှေ့ရောက်နိုင်အောင် ကူညီပေးရင်း အခုတော့ ဒီလို အနေအထားမျိုးကို ( အသင်း ပြောင်းရွှေ့ခွင့် ) ပိုင်ဆိုင်ခဲ့ပါပြီ ”

” ကျွန်တော်တို့ဟာ သူ့ကို ရောင်းလို့ ပိုက်ဆံရတော့မယ် ဆိုပြီး ပျော်ရွှင်မနေကြပါဘူး ။ သူ့လို ကစားသမားမျိုးကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ အတွေးနဲ့ ဝမ်းနည်းတာ ပိုများနေပါတယ် ” လို့ ဝက်ဇ်ကီး က ပြောကြားရင်း အဆိုပါ နေရာကို ကစားသမားသစ် ခေါ်ယူ အစားထိုးရေးနဲ့ ပတ်သက်လို့…

” ဂျေဒန်ရဲ့ အရည်အသွေးတွေကို ခန့်မှန်းရ ခက်ခဲလှပါတယ် ။ နည်းပြတိုင်း အသင်းမှာ ဂျေဒန်လို ကစားသမားမျိုး လိုချင်ကြမှာတော့ အသေအချာပါပဲ ။ အရင်ထဲက အချိန် တခုရောက်ရင် ဂျေဒန်ဟာ အသင်းမှာ ဆက်လက် ရှိမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ သိရှိ နေခဲ့ကြ ပါတယ် ”

” အခုတော့ အပြောင်းအရွှေ့ဟာ ဖြစ်ပွားပါတော့မယ် ။ ကျွန်တော်တို့ ဒါတွေကို ကိုင်တွယ် ဖြေရှင်းရင်းနဲ့ ဒီနေရာမှာ အင်အား ပြန်လည် ဖြည့်တင်းရပါ့မယ် ။ ကျွန်တော်တို့ ဂျေဒန်လို ကစားသမားမျိုး ရနိုင်မှာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ဖန်တီးမှု အားကောင်းတဲ့ တစ်စုံတစ်ယောက်ကို ကြိုးစား ရှာဖွေသွားကြမှာပါ ”

” လက်ရှိ အနေအထားတွေက အချို့နေရာတွေမှာ ကျွန်တော့်တို့ အင်အား ဖြည့်တင်းမှု တွေကို ပြန်လည် လုပ်ရမယ်ဆိုတာကို သိသာ ထင်ရှားစေတဲ့ အခိုက်အတန့်တွေ ပါပဲ ။ ကျွန်တော်တို့ အသင်းကို တောင့်တင်းစေအောင် လုပ်ဆောင်သွားကြမှာပါ ” လို့ ဝက်ဇ်ကီး က ဖြေကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular