မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဆောက်သမ်တန် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 22 ကစားခဲ့ရပြီး 9 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ ဒါဟာ ယူနိုက်တက် အသင်း အတွက် 1994 – 95 ခုနှစ်နောက် ဒုတိယအကြိမ်မြောက် ဂိုးအပြတ်ဆုံး နိုင်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။
ဒီနေ့ပွဲ မှာတော့ ဆောက်သမ်တန် အသင်းရဲ့ ကွင်းလယ်လူ ဂျန်ကီဝစ် ဟာ ပွဲချိန် 2 မိနစ် ကတည်းက တော်မီနေးကို ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် တိုက်ရိုက် အနီကဒ် နဲ့ အထုတ်ခံ ခဲ့ရ ပါတယ် ။ ထို့အတူ ယူနိုက်တက် တို့လည်း ပထမပိုင်း အတွင်း ဘစ်ဆာကာ ၊ ရပ်ရှ်ဖို့ ၊ ဘက်နာရက် (og) ၊ ကာဗာနီ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ပွဲစဉ်ကို ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် တို့ဟာ ဒုတိယပိုင်းမှာ ကစားအားကို လျှော့ချ မသွားပဲ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တစ်ပွဲကို ကစားရ သလိုမျိုး ဆက်လက် ကစားခဲ့ ကြပြီး လူစားဝင်လာတဲ့ မာရှယ် နဲ့ မက် တော်မီနေး တို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 85 မိနစ်မှာ ဘက်နာရက်ဟာ မာရှယ်ကို ဂိုး ဧရိယာထဲ ပစ်ဒဏ် ကျူးလွန်ခဲ့ ပါတယ် ။
အဆိုပါ အဖြစ်အပျက်ကို VAR နဲ့ ပြန်လည် စစ်ဆေးလိုက်တဲ့ နောက်မှာတော့ ဘက်နာရက်ဟာ တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရပြီး ယူနိုက်တက် တို့ဟာလည်း ပင်နယ်တီ ရရှိခဲ့ကြ ပါတယ် ။ အဆိုပါ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ ပေးခဲ့ပြီး မာရှယ် နဲ့ ဂျိမ်းစ် တို့က တစ်ဂိုးစီ ဆက်လက် သွင်းယူခဲ့ ကြတဲ့အတွက် ယူနိုက်တက်တို့ ဂိုးပြတ် နိုင်ခဲ့ကြ ပါတယ် ။
အခုတော့ ချဲလ်ဆီးနဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း တို့ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ BT sport ရဲ့ သတင်း သုံးသပ်သူ အဖြစ် တာဝန် ထမ်းဆောင် နေတဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဂလင်းဟော်ဒယ်က ယူနိုက်တက် တို့ဟာ ညှာတာမှု ကင်းမဲ့ခြင်း ၊ ပရော်ဖက်ရှင်နယ်ဆန်မှု တွေကို ပြသခဲ့ကြောင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။
” သူတို့ (ယူနိုက်တက်) ညှာတာမှု ကင်းမဲ့ခဲ့ကြ ပါတယ် ။ ပွဲချိန် ဒုတိယပိုင်း အတွင်းမှာပေါ့ ၊ ဂိုးရလဒ် က ဘယ်လို ဖြစ်နေသလဲ ဆိုတာကို သူတို့တွေဟာ မေ့ပျောက်ထားခဲ့ကြပြီး ကစားသမား တစ်ဦးက အခြား တစ်ဦးကို တွန်းအားပေး ကစားရင်း ဆောက်သမ်တန်ကို ဆက်လက် ဂိုးတွေ သွင်းနိုင်အောင် ကစားမယ် ဆိုတဲ့ စိတ်ဓါတ်ပိုင်းကို သူတို့တွေ ပြသသွားခဲ့ကြ ပါတယ် ”
” ခင်ဗျားတို့ အနေနဲ့ ဆောက်သမ်တန် အသင်းအတွက် စိတ်မကောင်း ဖြစ်ရုံပဲ တက်နိုင်ပါ လိမ့်မယ် ။ သူတို့ တွေဟာ အသင်းသား 9 ယောက် အထိ ဒဏ်ရာ ရရှိ ထားခဲ့ကြ ပါတယ် ။ အဲ့တာကပဲ သူတို့တွေ အတွက် လုံလောက်စွာ ဆိုးရွား နေခဲ့ပါပြီ ။ အဲ့ဒီလို အနေအထား တစ်ရပ်မှာ ပွဲစဉ် စတင် ကတည်းက အသင်းသား တစ်ယောက် အထုတ်ခံရတာက ပိုဆိုးစေပါတယ် ”
” အရည်အသွေး ကောင်းတဲ့ အသင်း တစ်သင်းကို ပွဲချိန် 80 မိနစ် အကျော်အထိ ကစားသမား 10 ယောက် နဲ့ ရင်ဆိုင်ခဲ့ရတာက ဆိုးရွားလှ ပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဆုံးသတ် ကန်ချက် အချို့ ကလည်း အရမ်းကို ကောင်းမွန်ခဲ့ ပါတယ် ။ ခင်ဗျားတို့ အနေနဲ့ အရမ်းကို ညှာတာမှု ကင်းမဲ့တယ် ၊ ပရော်ဖက်ရှင်နယ် ဆန်ဆန် ဆက်လက် ကစားသွားတယ်လို့ ပြောလို့ ရနိုင်ပါတယ် ” လို့ ဂလင်း ဂျွန်ဆင် က မှတ်ချက်ပေး စကား ပြောခဲ့ ပါတယ် ။