ဒီတစ်ပါတ် အက်စတွန် ဗီလာ အသင်းကို အနိုင် ကစားနိုင််ခဲ့တဲ့နောက် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ကစားဖို့ ထိုက်တန်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် ပရီးမီးယားလိဂ် ပွဲစဥ် 34 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 10 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့သေးတဲ့ အသင်းကို ဘရူနို ဖာနန်ဒက်စ် ရဲ့ သွင်းဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ် ။
ယူနိုက်တက်တို့ဟာ ပွဲကျန် တစ်ပွဲ ကစားရဖို့ ရှိနေသေးပြီး အဆိုပါ ပွဲစဥ်ကို အနိုင် ကစားနိုင်ခဲ့ပါက နယူးကာဆယ််ကို ကျော်ဖြတ်ကာ အဆင့် 3 နေရာကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပြီး အဆင့် 5 နေရာမှ လီဗာပူး အသင်းကို 10 မှတ််အထိ ဖြတ်ထားနိုင်မှာပဲ ဖြစ်ပါတယ် ။
အခုတော့ အဆိုပါ ပွဲစဥ်ထဲမှာ ယူနိုက်တက်တို့ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီး ကစားသမား ဘဝရဲ့ 100 မြောက် ဂိုးကို ရရှိခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် က သူတို့ အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ကစားဖို့ ထိုက််တန်ကြောင်း ပြောခဲ့လိုက်ပါတယ် ။
” ကျွန်တော်တို့ အလုပ်ဆက်လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အခု ကောင်းမွန်တဲ့ အဆင့် တစ်ခုမှာ ရပ်တည်နေခဲ့ကြတာ အမှန်ပါပဲ ။ ကျွန်တော်တို့ ထိပ်သီး လေးသင်းစာရင်းဝင်် အဖြစ် ရှိနေခဲ့ကြပြီး အဲ့ဒီမှာ ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားရပါဦးမယ် ”
” ကျွန်တော်တို့ ကိုယ့်ရဲ့ နေရာကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ပွဲတွေ ရယူကာ နောက်ရာသီ ချန်ပီယံလိဂ် ကစားရဖို့ လုပ်ဆောင်ရပါဦးမယ်။ အသင်းက အဲ့တာနဲ့ ထိုက်တန်တယ်လေ။ ကစားသမားတွေလည်း ဒီလို ပြိုင်ပွဲမှာ ကစားရဖို့ ထိုက်တန်ကြပါတယ် ”
” သူတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ကစားရဖို့ ထိုက်တန်ကြပါတယ် ။ ဒီအတွက်် ထိပ်သီး လေးသင်း စာရင်းဝင် အဖြစ်နဲ့ ရာသီကို အဆုံံးသတ်နိုင်ဖို့ ကျွန်တော်တို့ စွမ်းနိုင်သမျှ ကြိုးစားအားထုတ််သွားကြမှာပါ ”
” ကျွန်တော်တို့ ရည်မှန်းချက်က ဆုဖလားတွေ ဆွတ်ခူးဖို့ပါ ။ ဒီရာသီ ကျွန်တော်တို့ ပရီးမီးယားလိဂ် ဆွတ်ခူးချင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အဲ့တာက အခု မဖြစ်နိုင်တော့ပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့ ထိပ်သီး လေးသင်း စာရင်းဝင်ဖို့နဲ့ FA ဖလား ဆွတ်ခူးဖို့ ကြိုးစားသွားကြမှာပါ ” လို့ ဘရူနိုက ပြောခဲ့လိုက်ပါတယ် ။