သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စပေါ့တ်သတင်းဌာနကလည်း ဘာစီလိုနာဟာ ယူနိုက်တက်စတားကို စိတ်ဝင်စားနေပြီး အငှားနဲ့ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဘက်က အဆိုပါအပြောင်းအရွှေ့ကို အငှားနဲ့လက်လွှတ်မလားဆိုတာ မသိရသေးသလို အေစီမီလန်ကလည်း စိတ်ဝင်စားနေပါတယ်။ တကယ်လို့ ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အရင်ဆုံး ဂါစီယာ ၊ အာရူဂျို ၊ ဖာတီတို့ကိုရောင်းထုတ်ရဖွယ်ရှိနေပါတယ်။
အဆိုပါကစားသမား ၃ ဦးကိုရောင်းထုတ်နိုင်မှသာ ဘာစီလိုနာအနေနဲ့ အင်္ဂလန်သားကိုခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ဒီဇင်ဘာ ၇ ရက်နေ့နောက်ပိုင်းကတည်းက ပါဝင်ခွင့်မရထားသလို အဲ့ကတည်းက အရန်ခုံမှာပဲ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်ဘက်ကတော့ ရက်ရှ်ဖို့ဒ်ကိုရောင်းထုတ်ဖြစ်ခဲ့ရင် ပီအက်စ်ဂျီစတား မူအာနီကို အစားထိုးခေါ်ယူဖွယ်ရှိနေပါတယ်။ အခုညမှာ ယူနိုက်တက်ဟာ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလားပွဲကန်ရမှာဖြစ်ပြီး အဲ့နောက် ကြာသပတေးနေ့မှာ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ကာ ရက်ရှ်ဖို့ဒ်တစ်ယောက် ပါဝင်လာမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။