spot_img

ယူနိုက်တက် အသင်းသား တစ်ဦးကို ချီးကျူးလိုက်ပြီး စိုးရိမ်မိတဲ့ အချက်တစ်ခုကို ပြောပြလိုက်တဲ့ အိုဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ မိုက်ကယ် အိုဝင်က ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဥ်မှာ အဲလက်စ် တဲလက်စ် သွင်းယူသွားခဲ့တဲ့ ဂိုးက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မြင်တွေ့နိုင်တဲ့ အကောင်းဆုံး ဂိုးတွေထဲက တစ်ဂိုး ဖြစ်ကြောင်း ချီးကျူးခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဥ်မှာ ဗီလာ ရီးယဲ အသင်းဖက်မှ ပွဲချိန် 53 မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြီး ယူနိုက်တက်တို့ဟာ နောက်က လိုက်ကစားခဲ့ရပေမဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ်က ပွဲချိန် 60 မိနစ်မှာပဲ ​လှပတဲ့ မြေမကျကန်ချက်တဲ့ ခြေပဂိုး သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

အဲ့ဒီနောက် နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို က လင်ဂတ် နဲ့ ချိတ်ဆက်ပြီး အသင်း အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အတွက် ရလဒ် ဆိုးရွားနေခဲ့တဲ့ ယူနိုက်တက်တို့ ဖိအားတွေအောက်မှ ရုန်းထွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် အုပ်စု F မှာ ရမှတ် 3 မှတ်နဲ့ အဆင့် 3 နေရာမှာ ရပ်တည် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက်တို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ အတ္တလန္တာ အသင်း နဲ့ တစ်မှတ်သာ ကွာနေတဲ့ အတွက် နောက်တစ်ဆင့် တက်နိုင်ဖို့ အခွင့်အလမ်း သာနေပြီပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က အဲလက်စ် တဲလက်စ်ရဲ့ မြေမကျ ကန်ချက်ကို ချီးကျူး သွားခဲ့လိုက်ပေမယ့် အားရစရာ မရှိသေးတဲ့ အသင်းဟောင်းရဲ့ စုဖွဲ့ကစားပုံကို စိုးရိမ်မိကြောင်း ဝေဖန် သွားခဲ့လိုက် ပါတယ် ။

” အံ့အားသင့်ဖွယ် ကောင်းတဲ့ ကန်ချက်ကို ပြန်ကြည့်ဖို့ အချိန် တစ်မိနစ် ယူလိုက်ကြရအောင် ။ ဒါဟာ ဘောလုံး အားကစားမှာတော့ လေ့ကျင့်ရ အခက်ခဲဆုံးသေား နည််းစနစ်တွေထဲက တစ်ခုပါပဲ ”

” ဘောလုံး ခင်ဗျားဆီ လာနေတဲ့ အချိန်မှာ ခင်ဗျားရဲ့ အနောက််ကို ရောက်မသွားဖို့ အထူး သတိထားရပါ့မယ် ။ အဲ့ဒီလို အနေအထား တစ်ရပ်မှာ သူ ဘောလုံး ထိလိုက်တဲ့ထိချက်က ဒီဘောလုံး ဂိုးပေါက်ထဲ ပြေးဝင်သွားလိမ့်မယ်လို့ ကျွန်တော်တို့ကို သိနေစေခဲ့ကြပါတယ် ”

” ဒါဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အိုးလ် ထရပ်ဖို့ဒ် မှာ မြင်တွေ့ခဲ့ရတဲ့ အကောင်းဆုံးသော ဂိုးတွေထဲက တစ်ဂိုး ပါပဲ ။ ပထမပိုင်းထဲက မန်ချက်စတာ ယူနိုက်တက် အသင််းဟာ တစ်ဦးကောင်း ကစားသမားတွေ အပေါ်မှာ တော််တော်ကြီး မှီခိုနေတယ်လို့ ကျွန်တော်ပြောခဲ့ပါသေးတယ် ”

” ဒါဟာ တကယ့်ကို စိုးရိမ်စရာ ပါပဲ ။ ဒါပေမဲ့ နောက်ဆုံး 5 မိနစ် ၊ 10 မိနစ် အတွင်း သူတို့တွေ ကစားခဲ့ကြတဲ့ ပုံစံက အသင်းလိုက် အစုလိုက် ကစားပုံ ဖြစ်ကြောင်း ကျွန််တော်တို့ မြင်တွေ့ခဲ့ရပါတယ် ။ သူတို့ တစ်ပွဲလုံး ဒီလိုတွေ ကစားပြဖို့ လိုအပ်နေပါသေးတယ် ” လို့ အိုဝင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular