မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဒေါ့မွန် အသင်း တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျေဒန် ဆန်ချိုရဲ့ အပြောင်း အရွှေ့အတွက် ပေါင် 72.9 သန်းနဲ့ သဘော တူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း ကိုယ်စီ အတည်ပြု ကြေငြာခဲ့ကြပါ သေးတယ် ။
ဒါ့ကြောင့် စာရွက်စာတမ်း ကိစ္စအတည်ပြုပြီး ဆေးစစ်မှု လုပ်ဆောင်လိုက်ရုံနဲ့ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာပါလိမ့်မယ် ။ ဒါဟာ ယူနိုက်တက် ပရိသတ်တွေ ဖြစ်စေချင်ခဲ့တဲ့ အပြောင်းအရွှေ့ တစ်ခုပဲ ဖြစ်ပါတယ် ။
အခြားတဖက်မှာတော့ ဆန်ချိုဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီ တုန်းက ဒေါ့မွန် အသင်းအတွက် အထူး ပုံစံကောင်း တွေကို ပြသထားနိုင်ခဲ့ပေမယ့် အင်္ဂလန် အသင်း အတွက် ယူရို 2020 ပြိုင်ပွဲမှာ အခုထက်ထိ ပွဲထွက် ကစားပေးခွင့် မပိုင်ဆိုင် နိုင်ခဲ့သေးပါဘူး ။
သူဟာ ချက်နဲ့ ပွဲစဥ်မှာသာ ခေတ္တမျှ လူစားဝင် ကစားခွင့် ပိုင်ဆိုင်ထားခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယားက ဒါဟာ တစ်ကယ့်ကို ကောင်းတဲ့ အပြောင်းအရွှေ့ဖြစ်ကြောင်း ပြောပြလိုက်ပြီး ဆန်ချိုဟာ ခမ်းနားတဲ့ ကစားသမား ဘဝ တစ်ခုကို ပိုင်ဆိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။
” အသင်းနဲ့ သဘော တူညီမှု ရရှိလိုက် ကတည်းက ဂျေဒန်ဟာ ယူနိုက်တက်မှာ ခမ်းနားတဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက်တွက်ချက်ခဲ့ ပါတယ် ။ အနာဂတ်မှာ အောင်မြင်တဲ့ အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာပါလိမ့်မယ် ”
” ဂျေဒန်ဟာ ထိပ်တန်း ကစားသမား တစ်ဦးပါ ။ သူဟာ တကယ်ပဲ အသက်ငယ်သေးပေးမဲ့ ပါရမီကောင်းလွန်းတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်နေပါတယ် ။ သူဟာ အသင်း အတွက် ပွဲစဥ်တွေ အများကြီးကိုလည်း ကစားပေးထားခွင့် ပိုင်ဆိုင်နိုင်ခဲ့တယ်လေ ”
” အင်္ဂလန် လက်ရွေးစင် အသင်းမှာတော့ သူကစားပေးတဲ့ နေရာမှာ ကျွန်တော်တို့ တွေဟာ ကစားသမားကောင်း အချို့ကို ပိုင်ဆိုင်ထားကြ ပါတယ် ။ ဒါ့ကြောင့် ပွဲထွက်ခွင့် အတွက် သူ အချိန်ပေးရပါလိမ့်မယ် ။ ဂျေဒွန် အနေနဲ့ စိတ်ရှည်ဖို့ ၊ အခွင့်အရေး ရရှိတဲ့ အခါမှာ အသုံးချ နိုင်ဖို့ လိုအပ်လှ ပါတယ် ”
” အသင်းရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ သူအလုပ်လုပ်တဲ့ ပုံစံကို ကြည့်ပြီး ကျွန်တော် အထင်ကြီးမိ ပါတယ် ။ သူက နေ့စဥ်နေ့တိုင်း အလုပ်ကို အကောင်းဆုံး ကြိုးစားနေခဲ့သူ တစ်ဦးပါပဲ ။ သူ့ဆီမှာ ခမ်းနားတဲ့ ပါရမီကောင်း အချို့ ရှိနေပါတယ် ”
” သူဟာ ၅ ယောက် တစ်ဖွဲ့ ကစားတဲ့ လေ့ကျင့်ရေး ပွဲစဥ်တွေမှာ ဆိုရင် ဂိုးတွေ မကြာခန သွင်းယူလေ့ ရှိနေတတ်ခဲ့ ပါတယ် ။ ဒါ့အပြင် အများကြီး ရှိပါသေးတယ် ။ သူဟာ ခမ်းနားတဲ့ ကောင်လေး တစ်ယောက် ပါပဲ ” လို့ မက်ဂွားယား က ချီးကျူး စကားတွေ ဆိုသွားခဲ့လိုက် ပါတယ် ။