spot_img

ယူနိုက်တက် အသင်းကနေ စတာလင်ပေါင် သန်း 30 လောက် အထိ ရှာဖွေ သွားဖို့ ကြံရွယ်နေတဲ့ အက်ဒ်ဝုဝဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကြီးအကဲ တစ်ဦး ဖြစ်သူ အက်ဒ်ဝုဝဒ်က လက်ရှိ အသင်းမှာ အသုံး မတည့်တော့တဲ့ ကစားသမား အချို့ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ ရောင်းထုတ် လိုက်ခြင်းဖြင့် ဝင်ငွေ ပေါင် သန်း 30 လောက် အထိ ရှာဖွေ သွားဖို့ ပစ်မှတ် ထားနေတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားဟာ လက်ရှိ အသင်းရဲ့ ကစားသမား စာရင်းထဲမှာ ညာ တောင်ပံ တိုက်စစ် ၊ ဗဟို နောက်ခံလူ ၊ ညာ နောက်ခံလူ နဲ့ ကွင်းလယ် ခံစစ် ကစားသမား တို့ကို ဆက်လက် ခေါ်ယူရင်း အင်အား ဖြည့်တင်း လိုနေခဲ့ ပါတယ်

myan789

ဒါပေမယ့် အက်ဒ်ဝုဝဒ် ကတော့ ကိုဗစ်ကြောင့် ဘဏ္ဍာရေး ဝင်ငွေ အခက်အခဲ ဖြစ်နေခဲ့တာတောင် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ သုံးခု အတွင်း အသားတင် အပြောင်းအရွှေ့ စရိတ် ပေါင် သန်း 200 ကျော် အသုံးပြုခဲ့ကြောင်း ပြောကြား ထားခဲ့ပြီး ဇန်နဝါရီ မှာ ငွေသုံးဖို့ မရှိကြောင်း အရိပ်အမြွတ် ပြောကြားခဲ့ပါ သေးတယ် ။

ဒါပေမယ့် လက်ရှိ အသင်းမှာ ကစားခွင့်တွေ ပျောက်ဆုံး နေမှုနဲ့ အတူ အပိုလူတွေလို ဖြစ်နေခဲ့ ကြတဲ့ ကစားသမား အချို့ကို ရောင်းချ လိုက်မယ် ဆိုရင်တော့ ယူနိုက်တက် တို့ဟာ ပေါင်သန်း 30 ကျော် ရှာဖွေ နိုင်မှာ ဖြစ်တဲ့ အတွက် အဲ့ဒီ ကနေ အက်ဒ်ဝုဝဒ် က အသင်းကို ထောက်ပံ့ ပေးသွားဖို့ ရှိနေကြောင်း Mirror သတင်းစာက ဖော်ပြ သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ တုန်းက ရှက်ဖီး ယူနိုက်တက် အသင်းမှာ အငှား သွားရောက် ကစားပေး ခဲ့တဲ့ အကယ်ဒမီထွက် ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လည် ပြောင်းရွှေ့ လာခဲ့တဲ့နောက် ဝါရင့် ဂိုး သမား ဖြစ်သူ ဆာဂျီယို ရိုမဲရိုး ရဲ့ အနာဂတ်ဟာ အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ်မှာ ကုန်ဆုံး သလို ဖြစ်သွားခဲ့ ပါတယ် ။

သူဟာ လာမယ့် ဇွန်လမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားတော့မှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံး နိုင်မယ့် ကစားသမားကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ရောင်းထုတ်လိုက်ခြင်း က ယူနိုက်တက် အတွက် အကောင်းဆုံး အခိုက်အတန့် တစ်ခုပဲ ဖြစ်နေခဲ့ရ ပါတယ် ။

အကယ်လို့ သူ့ကို ရောင်းချမယ် ဆိုပါက ယူနိုက်တက်တို့ ပေါင် 1.8 သန်းလောက် ရနိုင် လိမ့်မယ်လို့ သိရှိရ ပါတယ် ။ ယူနိုက်တက်တို့ ရောင်းထုတ် သွားနိုင်ဖွယ် ရှိနေကြတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ဗဟို နောက်ခံလူ အဲရစ် ဘိုင်လီ ပဲ ဖြစ်ပါတယ် ။ သူဟာ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိလိုသူ တစ်ဦးပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်းမှာ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့သာ ပုံမှန် ပွဲထွက်ခွင့် တွေကို ရယူ ထားနိုင်ခဲ့ ကြပြီး သူဟာ ဒဏ်ရာ ပြသနာတွေကြား ရုန်းကန်မှု ၊ ပွဲထွက်ခွင့် ပျောက်ဆုံးမှု တွေကို ကြုံတွေ့ နေခဲ့တဲ့ အတွက် အသင်း ပြောင်းလို နေသူ တစ်ဦး ဖြစ်နေခဲ့ ပါတယ် ။ သူ့ကို ရောင်းချမယ် ဆိုရင်တော့ ယူနိုက်တက်တို့ ပေါင် 16 သန်းလောက် ရနိုင်ပါလိမ့်မယ် ။

ဒါ့အပြင် ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေတောင် မတွေ့ရတာ ကြာလို့ မေ့ပျောက်လုနီးပါး ဖြစ်နေခဲ့ကြတဲ့ နောက်ခံလူ ဖီးလ် ဂျုံးစ် နဲ့ ရိုဟို တို့လည်း ရောင်းထုတ်ခံကြရမယ့် ကစားသမား စာရင်းထဲမှာ ပါဝင် နေကြပြီး နှစ်ဦးပေါင်း ပေါင် 10 သန်း ဝန်းကျင်ခန့် ရရှိ နိုင်ဖွယ် ရှိနေ ပါတယ် ။ ဈေးကွက်ထဲ သူတို့ နှစ်ဦးရဲ့ တန်ကြေး ကတော့ ပေါင် 5.47 သန်း ရှိနေ ပါတယ် ။

အခြား တစ်ဖက်မှာတော့ ယူနိုက်တက် အသင်းမှာ အခွင့်အရေး ရရှိတုန်း ပုံစံံကောင်းတွေကို ပြသဖို့ ရုန်းကန် နေခဲ့ရသလို ဒဏ်ရာ ပြသနာတွေ အကြား အဆင်မပြေ ဖြစ်နေခဲ့တဲ့ နောက်ခံလူ ဖိုဆူ မန့်ဆာ့ ဟာလည်း ရောင်းထုတ် ခံရမယ့် ကစားသမား စာရင်းထဲ ပါဝင် နေခဲ့ရ ပါတယ် ။ သူ့အတွက်တော့ ယူနိုက်တက် တို့ဟာ ပေါင် 3.65 သန်း အထိ ရရှိ နိုင်ပါတယ် ။

ဒါ့အပြင် ကွင်းလယ်လူ ဂျက်စီ လင်ဂတ် ဟာလည်း ဒီရာသီ အသင်း ရဲ့ ပရီးမီးယားလိဂ် ပွဲထွက် ကစားသမား စာရင်းထဲ ပါဝင် နိုင်ခွင့် ပျောက်ဆုံး နေခဲ့ရ ပါတယ် ။ သူ့ကို ခေါ်ယူဖို့ အတွက်တော့ ပရီးမီးယားလိဂ် ကလပ် အချိ့က စိတ်ဝင်စား နေကြပြီး သူ့အတွက် ပေါင် 9 သန်း ဝန်းကျင်လောက် ရရှိနိုင်ခြေ ရှိနေ ပါတယ် ။

အကယ်လို့ ယူနိုက်တက် တို့သာ အဆိုပါ ကစားသမား တွေကို အောင်မြင်စွာ ရောင်းထုတ် နိုင်ခဲ့မယ် ဆိုရင်တော့ ပေါင် သန်း 30 လောက် စုဆောင်း နိုင်မှာ ဖြစ်ပြီး ငွေ အနည်းငယ် ထပ်မံ စိုက်ထုတ်လိုက် ပါက လိုအပ် နေတဲ့ ဗဟို ခံစစ် နေရာ အတွက် အသင့်အတင့် ကောင်းမွန်တဲ့ ကစားသမား တစ်ဦးကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular