ဘရာဇီးနဲ့ PSG အသင်းတွေရဲ့ တောင်ပံတိုက်စစ် ကစား သမား ဖြစ်သူ နေမာ ဂျူနီယာ က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း နှစ်ဦးကို ရွေးချယ်ရင်း ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦးကို ဖန်တီး ပေးခဲ့လိုက်ပါတယ် ။
နေမာ ဆိုတာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ကစားခဲ့တဲ့ ကလပ် အသင်းတွေနဲ့ နိုင်ငံ့ လက်ရွေးစင် အသင်းမှာ အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ခြေစွမ်းကောင်း ၊ သွင်းဂိုး တွေနဲ့ အတူ သက်သေပြထားနိုင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ် ။
အခုတော့ Red Bull နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ် တစ်ခုမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦးကို ဘယ်သူတွေရဲ့ အရည်အသွေး ပေါင်းထည့်ပြီး ဖန်တီးလိုသလဲ လို့ အမေးခံလိုက် ရချိန်မှာ နေမာ ဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း နှစ်ဦး ဖြစ်တဲ့ စီ ရော်နယ်ဒို နဲ့ ဇလာတန် တို့ကို ရွေးချယ် သွားခဲ့လိုက်ပါတယ် ။
ဒါ့အပြင် PSG အသင်းဖော် နှစ်ဦး ဖြစ်ကြတဲ့ ကိုင်လီယံ အမ်ဘက်ပီ နဲ့ မာကို ဗာရတ်တီ တို့ကိုပါ ထည့်သွင်း သွားခဲ့သလို ချဲလ်ဆီး အသင်းမှ အန်ဂိုလို ကန်တီ နဲ့ ရီးယဲ မက်ဒရစ် အသင်းမှ ကပ်ပတိန် ဆာဂျီယို ရာမို့စ် ကိုပါ ထည့်သွင်း ရွေးချယ်ခဲ့ပါတယ် ။
ဒါ့အပြင် အသင်းဖော်ဟောင်း ဖြစ်သူ လီယွန်နယ် မက်ဆီ ၊ ဘိုင်ယန် မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး နဲ့ မိမိကိုယ်ကိုပါ ထည့်သွင်း ရွေးချယ်ရင်း နေမာ က မျက်မှောက်ခေတ်ရဲ့ အကောင်းဆုံး ဘောလုံးသမားကို ဖန်တီးပေးသွားခဲ့ ပါတယ် ။
” ဟာ ဘဲကြီး… ပြီးပြည့်စုံတဲ့ ကစားသမားလား ? (ကျွန်တော့်ကို ကျွန်တော် ထည့်သွင်းရွေးချယ်လို့ ရလား) ကျွန်တော့်ကို ကျွန်တော် ပြန်ရွေးလို့ရရင် ကောင်းပါတယ် ”
” ကျွန်တော့် အတွက်တော့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ကာယပိုင်း ကြံ့ခိုင်မှု ၊ ဇလာတန် ရဲ့ အသွင် ကူးပြောင်း နိုင်တဲ့ စွမ်းရည် ၊ ဆာဂျီယို ရာမို့စ် ရဲ့ ခေါင်းတိုက် စွမ်းရည် ကျွမ်းကျင်မှု ၊ အမ်ဘတ်ပီ ရဲ့ မြန်နှုန်း ၊ မက်ဆီ ရဲ့ ဘယ်ခြေထောက် ၊ ကျွန်တော့်ရဲ့ ညာခြေထောင် ၊ လီဝန်ဒေါစကီး ရဲ့ နေရာယူ ကျွမ်းကျင်မှု ၊ ကန်တီရဲ့ ဘောလုံးလု စကေး ၊ ဗာရတ်တီ ရဲ့ ဖန်တီးမှု စွမ်းရည် ကောင်းမွန်ခြင်း တွေကို ထည့်သွင်းချင် ပါတယ် ” လို့ နေမာ က ပြန်ပြီး ဖြေကြား သွားခဲ့လိုက် ပါတယ် ။
ပရိသတ်တွေရော.. အကောင်းဆုံး ကစားသမား ဖန်တီးရမယ် ဆိုရင် ဘယ်လို အရည်အသွေး တွေကို ထည့်သွင်း သွားမလဲဗျာ…