spot_img

ယာမယ်လ်နဲ့ ဂါဗီတို့ ဒဏ်ရာရရှိပြီးနောက် အဆင်အခြင်မဲ့တဲ့ စပိန်အသင်းလို့ ဒဲ့ဒိုးဝေဖန်လိုက်တဲ့ လာပေါ်တာ

လက်ရွေးစင်တာဝန်ထမ်းဆောင်နေစဉ် ဒဏ်ရာရရှိသွားတဲ့ ယာမယ်လ်၊ ဂါဗီတို့နဲ့ပတ်သက်လို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌလာပေါ်တာက စပိန်လက်ရွေးစင်အသင်းကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။ အခုသီတင်းပတ်အစောပိုင်း၊ ဒိန်းမတ်အသင်းနဲ့ရင်ဆိုင်ရတဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွင်း ဘာစီလိုနာတောင်ပံကစားသမားယာမယ်လ် တံကောက်ကြောဒဏ်ရာရရှိခဲ့သလို ကွင်းလယ်လူဂါဗီကလည်း လွန်ခဲ့တဲ့တစ်နှစ်ခန့်က ဂျော်ဂျီယာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာမှ ပြန်လည်သက်သာလာဖို့ ပြင်ဆင်နေရသူ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက အချို့ကစားသမားတွေရဲ့ဝန်ထုပ်ဝန်ပိုးအပေါ် ကောင်းကောင်းမစီမံမခန့်ခွဲနိုင်တဲ့ ဒီလာဖွန်တေရဲ့အသင်းကို ဆင်ခြင်တုံတရားကင်းမဲ့လွန်းတယ်လို့ ဒဲ့ဒိုးဝေဖန်လိုက်ပါတယ်။

Dedo criticizes La Porter as a naïve Spanish team after Gavi are injured

Barca One နဲ့တွေ့ဆုံချိန် လာပေါ်တာက “ ဘောလုံးကျွမ်းကျင်မှုအလွန်ပြည့်ဝတဲ့ ယာမယ်လ်ရဲ့ဖြစ်စဉ်မှာဆိုရင်လည်း ကစားသမားက ဒဏ်ရာပြဿနာများစွာ ခံစားနေရပါတယ်။ သူ့ကို နောက်ပွဲမှာဆက်သုံးဖို့ စဉ်းစားတာက အဆင်အခြင်ကင်းမဲ့လွန်းပြီး ကစားသမားကို ပွဲကစားပေးဖို့ စည်းရုံးခဲ့မှုအပေါ် ကျွန်တော် သိပ်သဘောမကျခဲ့ပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ့်အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ အစီအစဉ်တွေ အများကြီးရေးဆွဲထားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တွေ ရှိခဲ့ပြီး ဒီလိုချဉ်းကပ်ပုံကို ကစားသမားတွေ နားလည်ခဲ့ပါတယ်။ ယာမယ်လ်ဟာ ငယ်ငယ်လေးပဲ ရှိသေးတာပါ။ သူ့မှာ ကိုယ်ရည်ကိုယ်သွေးအပြည့်ရှိပါတယ်။ ကြုံတွေ့နေရတဲ့ သူ့ရဲ့အခြေအနေကိုလည်း ကိုယ်တိုင်ရှင်းပြခဲ့ပါတယ်။ ဂါဗီလည်း နိုင်ငံလက်ရွေးစင်တာဝန်ထမ်းဆောင်နေတုန်း ဒဏ်ရာရရှိသွားတာပဲ၊ အဲ့ဒါကို ပြောဖို့တောင် ကျွန်တော်မေ့နေတယ်။ အဲ့ဒီပွဲစဉ်နှစ်ခုကိုသာ ဂါဗီမကစားခဲ့ရဘူးဆိုရင် အခုလိုဒဏ်ရာမျိုး ရချင်မှရမှာပါ။ သတင်းကောင်းကတော့ အခုအချိန်မှာ ကျွန်တော်တို့ သူ့ကို တဖြည်းဖြည်းနဲ့ပြန်ရလာနေပြီဆိုတာပါပဲ။ သူက လေ့ကျင့်ရေးကွင်းလုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်နေပါပြီ”လို့ ပြောပါတယ်။

myan789

ဆက်လက်ပြီး သူက “ကျွန်တော်တို့လိုကလပ်အသင်းတွေ စုစည်းညီညွှတ်မှုရှိနေဖို့ လိုအပ်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းကို ပြောင်းလဲပစ်ရပါမယ်။ ကစားသမားတွေဆီမှာသာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ရှိမယ်ဆိုရင် သူတို့တွေကိုယ်တိုင်လည်း ကစားသမားရဲ့စိတ်ဆန္ဒကို မပစ်ပယ်နိုင်တော့ဘဲ ကစားသမားရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အရင်ဦးဆုံး စစ်ဆေးသွားရပါလိမ့်မယ်။ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီဆိုရင် လွတ်လွတ်လပ်လပ်ဆုံးဖြတ်သွားနိုင်ဖို့ပါပဲ။ ယေဘုယျအားဖြင့် လက်ရွေးစင်အသင်းက ခေါ်ရင် သွားကိုသွားရပါမယ်။ ဒါပေမယ့် ကစားသမားရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စတွေမှာ ခြွင်းချက်တော့ ရှိနေရပါမယ်။ အရေးအကြီးဆုံးက ကစားသမားတွေကို ကာကွယ်ပေးသွားဖို့ပါပဲ”လို့ ပြောပါတယ်။

ယာမယ်လ်ကို ပွဲစဉ်တွေမှာအလွန်အကျွံကစားခိုင်းတယ်ဆိုပြီး စပိန်အသင်းနည်းပြ ဒီလာဖွန်တေကို စွပ်စွဲချက်တွေရှိပေမယ့် အချို့အချက်တွေကိုတော့ ကာယကံရှင်ကိုယ်တိုင် ပယ်ချထားခဲ့ပါတယ်။ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းတို့အကြား တိုက်ပွဲက အမြဲတမ်းလိုလိုဖြေရှင်းရခက်ခဲလေ့ရှိတဲ့ ကိစ္စဖြစ်ပေမယ့် နှစ်ဖက်လုံးကတော့ ယာမယ်လ်ရဲ့အနားယူကာလ မကြာရှည်စေဖို့နဲ့ မကြာမီကာလအတွင်း ဂါဗီ ဘောလုံးပြန်ကစားနိုင်ဖို့ မျှော်လင့်နေကြပါလိမ့်မယ်။

စပိန်လက်ရွေးစင်အသင်းက လာမယ့်နိုဝင်ဘာ ၁၅ ရက်မှာ ဒိန်းမတ်အသင်း၊ နောက်သုံးရက်အကြာမှာ ဆွစ်ဇာလန်အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။ ဒီပွဲစဉ်တွေအတွက် ယာမယ်လ်၊ ဂါဗီတို့ ကြံ့ခိုင်မှုပြည့်ဝနေမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular