spot_img

ယနေ့ညယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

PSG နှင့် ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၁:၃၀ နာရီ)
ပထမအကျော့မှာ PSG က အဝေးကွင်းမှာ (၃-၂) ဂိုးနဲ့ နိုင်ခဲ့တယ်။ ဒါကြောင့် ရလဒ်အရကြည့်ရင် PSG အတွက် အားသာချက်ကြီးကြီးမားမားရထားတယ်။ ဒါပေမဲ့ ခြေစွမ်းပိုင်းအရဆိုရင်တော့ PSG အတွက် စိုးရိမ်စရာဖြစ်နေဆဲပါ။ ဘိုင်ယန်မြူးနစ်က ပထမအကျော့ပွဲမှာ PSG ထက် အစစအရာရာအားကောင်းခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာနဲ့ ခံစစ်ပိုင်းက PSG ရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခဲ့တာက ပွဲအဖြေကို ကပြောင်းကပြန်ဖြစ်စေခဲ့ခြင်းဖြစ်တယ်။ ဒုတိယအကျော့မှာလည်း PSG အတွက် ဆက်လက်အားကောင်းနေတဲ့အချက်က ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကတိုက်စစ်မှူးနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ လီဝန်ဒေါစကီး ဆက်လက်လွဲချော်ခြင်းဖြစ်တယ်။ ကျန်ကစားသမားတွေကတော့ လူစုံလို့ ပြောလို့ ရပြီး အဓိကတိုက်စစ်တစ်နေရာမှာ အားနည်းသွားတယ်။ ဟန်ဆီဖလစ်ခ်က လီဝန်ဒေါစကီးအစား ချူပိုမိုတင်းကိုသုံးပြီး နေရာတူ တိုက်ရိုက်အစားထိုးခဲ့တယ်၊ ချူပိုမိုတင်းလည်း ဂိုးသွင်းနိုင်ခဲ့တယ်ဆိုပေမဲ့ ဒီ့ထက်ပိုပြီး လုပ်လို့ရသေးတဲ့ နည်းဗျူဟာပိုင်း တွေရှိတယ်။ ဒီပွဲအတွက် သူ ဒီအတိုင်းသွားမလား၊ နည်းဗျူဟာပြောင်းမလား စောင့်ကြည့်ရမယ်။ PSG ကွင်းဆိုပေမဲ့ ဘိုင်ယန်မရှုံးအောင် ကစားနိုင်မယ်လို့ ထင်တယ်။ နောက်တစ်ဆင့်တက်ဖို့အတွက်ကတော့ PSG ကိုပဲ ကြိုက်တယ်။

  • PSG အသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၅)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။
  • ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၈)ပွဲတွင် (၁)ပွဲသာ ရှုံးနိမ့်ခဲ့သော်လည်း ဂိုးမပေးခဲ့ရသည့်ပွဲမှာ (၁)ပွဲသာရှိခဲ့သည်။
  • ချန်ပီယံလိဂ်သမိုင်း၌ PSG အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းတွင် (၂)ကြိမ်လက်ခံကစားခဲ့ဖူးရာ (၂)ကြိမ်စလုံး Clean Sheet ရလဒ်များဖြင့် အနိုင်ရခဲ့သည်။

ချယ်လ်ဆီး နှင့် ပေါ်တို (ဗုဒ္ဓဟူးနံနက် ၁:၃၀ နာရီ)
ချယ်လ်ဆီးရဲ့အနေအထားက စိတ်ချရပါတယ်။ အဝေးကွင်းမှာ နိုင်ထားတယ်။ ဂိုးမပေးရဘူး။ နောက်ပိုင်းပွဲတွေထဲမှာ ဝက်စ်ဘရွန်းနဲ့ ကစားတုန်းက တစ်ပွဲတလေဖောက်တာမျိုးကလွဲရင် ခံစစ်ဟာအကောင်းဆုံးအချိန်မဟုတ်ရင်တောင် ဂိုးမပေးရအောင်ကစားနိုင်တယ်။ အားသာနေတဲ့ရလဒ်ကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်ထိန်းချုပ်ပြီး အသာစီးယူနိုင်တာကို တွေ့ရတယ်။ ချယ်လ်ဆီး (၁-ဝ)လောက်ပဲ ဖြစ်မယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular