spot_img

ယခုနှစ် ရာသီ ဖရန့် လမ်းပတ် ရဲ့ အကောင်းဆုံး ကစားသမားသစ် ခေါ်ယူမှု ကို ရွေးချယ်လိုက်တဲ့ တင်မ်ရှားဝုဒ်

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း ၂၂၀ ဝန်းကျင် အသုံးပြုကာ ၊ ကစားသမားသစ် ခေါ်ယူမှု ၇ခု အထိ ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်လျက် ရှိပါတယ် ။

ချဲလ်ဆီး အသင်း ရဲ့ ဒီရာသီ ကစားသမားသစ် ခေါ်ယူမှုတွေ အနက် အားရစရာ ခြေစွမ်းမျိုး မပြနိုင်သေးတဲ့ ဂျာမန် ကြယ်ပွင့် ကိုင်ဟာဗက်ဇ် က လွဲရင် ၊ ကျန်တဲ့ ကစားသမားသစ် အားလုံး သူ့ ပုံစံ နဲ့ သူ ခြေစွမ်းပြထားတာကို တွေ့ရပါတယ် ။

myan789

အထူးသဖြင့် ဒီရာသီ ချဲလ်ဆီး အသင်း ကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့တာ ကတော့ ခံစစ်ပိုင်း အားဖြည့်မှုတွေပါပဲ ။ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၊ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား နဲ့ ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ တို့ဟာ ချဲလ်ဆီး အသင်း ရဲ့ ဒီရာသီ ခံစစ် စွမ်းဆောင်ရည် ကို ထူးခြားစွာ တိုးတက်စေခဲ့ပါတယ် ။ ဒီအထဲမှာ အများ မထင်မှတ်ထားလောက်တဲ့ အထိ စွမ်းဆောင်ပြနေတာကတော့ သီယာဂို ဆေးလ်ဗားပါပဲ ။

ပီအက်စ်ဂျီ အသင်း မှာ ၈နှစ်ကြာ ကစားခဲ့ပြီးနောက် ၊ အသက် ၃၆ နှစ် အရွယ်မှာမှ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ ပရီးမီးယားလိဂ် သို့ လန်ဒန် မြို့ခံ ကလပ် ချဲလ်ဆီး အသင်း နဲ့ စတင် အခြေချလျက် ရှိပါတယ် ။ အသက်အရွယ် အရ ပရီးမီးယားလိဂ် မှာ ၎င်း အနေနဲ့ အခြေချဖို့ မသင့်လျော်တော့ဘူး လို့ အစောပိုင်းမှာ သံသယဝင်မှုတွေ ရှိခဲ့ပါတယ် ။

သို့ပေမယ့် သီယာဂို ဆေးလ်ဗား ဟာ အသက်အရွယ် နဲ့ မလိုက်တော့သည့်တိုင် ၊ ကြံ့ခိုင်မှု အသားပေး ၊ မြန်နှုန်းမြင့် ကစားဟန် ကို ကျင့်သုံးလျက် ရှိတဲ့ ပရီးမီးယားလိဂ် ချက်ချင်း အံဝင်ခွင်ကျ ဖြစ်လာတာကို တွေ့ရပါတယ် ။ ဒါတင်မက ၎င်းဟာ ချဲလ်ဆီး အသင်း ရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကြောင်း ကို အကောင်းဆုံး ပြုပြင်ပေးခဲ့ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ လန်ဒန်ဒါဘီ ပွဲမှာလည်း သီယာဂို ဆေးလ်ဗား ဟာ ထောင့်ကန်ဘော မှ တဆင့် အဖွင့်ဂိုး ကို စတင် ရယူပေးခဲ့သလို ၊ နောက်ထပ် Clean Sheet တပွဲ ထပ်ရအောင်လည်း စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့ပါတယ် ။ တော့တင်ဟမ် နည်းပြဟောင်း တင်မ်ရှားဝုဒ် ကတော့ သူ့အတွက် ဒီရာသီ ဖရန့် လမ်းပတ် ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှု ဟာ သီယာဂို ဆေးလ်ဗား ဖြစ်ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။

Wrighty & Kelly Show အစီအစဉ် မှာ တင်မ်ရှားဝုဒ် က ” သေချာတာ တခု က ချဲလ်ဆီး အသင်း ရဲ့ ဒီရာသီ ကစားသမားသစ် ခေါ်ယူမှုတွေထဲမှာ သီယာဂို ဆေးလ်ဗား က အကောင်းဆုံး ဖြစ်တယ် ဆိုတာ ငြင်းစရာ မရှိပါဘူး ။ ”

” သီယာဂို ဆေးလ်ဗား ဟာ အတွေ့အကြုံ အလွန် ပြည့်ဝတဲ့ ၊ ကြီးကျယ်တဲ့ ဗဟို ခံစစ်မှူး တဦး ဖြစ်ရုံသာမက ၊ သူ့ဘေးနား က ကတ်ဇူးမား ကိုပါ ထိပ်တန်း အဆင့် ခြေစွမ်းမျိုး ရအောင် ဆွဲတင်ပေးနိုင်ခဲ့ပါတယ် ။ အစွန် နောက်ခံလူ ၂နေရာ ဖြစ်တဲ့ ဘန်ချေဝဲလ် နဲ့ ရိစ်ဂျိမ်းစ် တို့ဟာလည်း ဒီရာသီမှာ အတော်လေး အံ့သြဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသထားပါတယ် ။ ”

” ဒါ့အပြင် အန်ဂိုလို ကန်တေ ကလည်း သူ့ရဲ့ လူမှန် နေရာမှန် ဖြစ်တဲ့ ကွင်းလယ် ခံစစ် မှာ ပြန်ကစားနေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ည မှာ အာဆင်နယ် အသင်း နဲ့ လန်ဒန်ဒါဘီ ဆင်နွှဲရဖို့ ရှိနေပြီး ၊ ဒီပွဲအတွက် ၎င်းတို့ရဲ့ အထောင် တိုက်စစ် နေရာကို ဘယ်သူက ဦးဆောင်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

တိုက်စစ် ကစားသမားကောင်းတွေ များပြားနေလို့ ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် အနေနဲ့ အတောင့်တင်းဆုံး ဖြစ်မယ့် အတွဲအဖက် ကို ရွေးချယ်ဖို့ လိုကြောင်းကို တင်မ်ရှားဝုဒ် က ” အာဆင်နယ် နဲ့ ပွဲအတွက် သူတို့ရဲ့ အထောင် တိုက်စစ်မှူး က ဂျရူးလား ၊ တမ်မီ အေဘရာဟမ်လား ? ဖရန့် မှာ တိုက်စစ် အတွက် ရွေးချယ်မှု အများကြီး ရှိပါတယ် ။ ”

” ဖရန့် ကိုယ်တိုင်တောင် သူ့အသင်း ရဲ့ အကောင်းဆုံး တိုက်စစ် အတွဲအဖက် က ဘယ်သူတွေလဲ ဆိုတာ စဉ်းစားရ ခက်နေပါတယ် ။ ဒီတော့ ရှည်ရှည်ဝေးဝေး မစဉ်းစားချင်ရင် လတ်တလော ပုံစံကောင်း ပြသနေတဲ့ ကစားသမား တွေကို ရွေးချယ်ပြီး တွဲပေးရုံပါပဲ ။ ”

” ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်း အများစု ဟာ တိုက်စစ်မှာ ရှိနေတာ က ဖရန့် အတွက် အဓိက ပြဿနာ ဖြစ်နေပါတယ် ။ သူဟာ သကြားလုံးဆိုင် ရောက်နေတဲ့ ကောင်လေး တယောက်လိုပါပဲ ။ သကြားလုံး အကုန်လုံး သဘောကျပေမယ့် ၊ အကုန်လုံး ယူလို့မရပါဘူး ။ အဲ့ဒီ သဘောပါပဲ ။ သူ့ အနေနဲ့ တိုက်စစ် အတွက် အကောင်းဆုံး ဖြေရှင်းချက် ကို ထုတ်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular