spot_img

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားရောင်းချမှုမှ ပေါင်သန်း (၂၀၀) ရရှိရန် မန်စီးတီးအသင်း ရည်မှန်းထား

မန်စီးတီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားရောင်းချမှုမှ ပေါင်သန်း (၂၀၀) အထိရရှိရန် ရည်မှန်းထားကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ နော်ဝေတိုက်စစ်မှူး ဟော်လန်း တစ်ယောက်တည်းကိုသာ ပေါင် (၅၁)သန်းဖြင့် ခေါ်ယူထားသေးသည်။

myan789

ထို့ကြောင့် မန်စီးတီးအသင်းသည် ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်နေသလို၊ တစ်ဖက်တွင်လည်း အသင်းရှိ ကစားသမားများကိုရောင်းထုတ်ကာ ပေါင်သန်း (၂၀၀) အထိရရှိရန် ရည်မှန်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျေးဇူးကို ပေါင်သန်း (၅၀)ဖြင့် ရောင်းထုတ်ရန် စီစဉ်နေသလို၊ တိုက်စစ်ကစားသမား စတာလင်နှင့် ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားတို့ မှာလည်း အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် စတာလင်ကို ပေါင်သန်း (၆၀) နှင့် ဘာနာဒိုဆေးလ်ဗားကိုပေါင်သန်း (၈၀) စျေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် မန်စီးတီးအသင်းသည် အသင်းလူငယ်ကစားသမားများဖြစ်သည့် ဟာရဲရားနှင့် မော်ဂန်ရော်ဂျာတို့ကို နှစ်ဦးပေါင်း ပေါင်သန်း(၂၀) ဖြင့်ရောင်းထုတ်ရန် စီစဉ်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular