spot_img

မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ် အသင်းကို စပါး ယှဉ်နိုင်မှာ မဟုတ်ကြောင်း သုံးသပ်လိုက်တဲ့ ပေါလ်မာဆင်

ဂန်းနားဟောင်း ပေါလ်မာဆင် ကတော့ ဒီတစ်ပတ် မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ် အသင်းဟာ စပါး အသင်းကို အနိုင်ရကို ရလိမ့်မယ်လို့ ယုံကြည်မှု အပြည့်နဲ့ ပြောကြား သွားခဲ့ပါတယ် ။ ဥရောပ ပွဲစဉ်တွေ အပြီး ကစားမယ့် ဒီတစ်ပတ် အမှတ်ပေး ပြိုင်ပွဲမှာ ရှုံးပွဲ မရှိကြသေးတဲ့ အာဆင်နယ် နှင့် တော့တင်ဟမ် တို့ ထိပ်တိုက် တွေ့ဆုံ နေပါတယ် ။

အာဆင်နယ် နှင့် စပါး နှစ်သင်းစလုံးဟာ ၅ ပွဲ ကစား ၄ ပွဲ နိုင် ၁ ပွဲ သရေ ၊ ရမှတ် ၁၃ မှတ်စီ နဲ့ အမှတ်ပေး ဇယား အဆင့် ၄ နှင့် ၂ နေရာတွေမှာ အသီးသီး ရပ်တည် နေကြတာပါ ။ နည်းပြသစ် ပိုစတီကိုဂလူး ရဲ့လက်အောက်မှာ စပါး အသင်းဟာ တိုက်စစ် အသားပေး ကစားတဲ့ အသင်း ဖြစ်လာခဲ့ပြီး ပေါလ်မာဆင် ကတော့ ရှေ့ပွဲ‌တွေက အတိုင်း အာဆင်နယ် နဲ့ ပွဲမှာ ဆက်ကစားရင် ဂိုးပြတ် ချေမှုန်း ခံရလိမ့်မယ်လို့ သတိပေး သွားခဲ့ပါတယ် ။

myan789

” စပါး အတွက် က ကြီးမားတဲ့ စမ်းသပ်မှုပေါ့ဗျာ ၊ အာဆင်နယ် အတွက် စပါး နဲ့ ကစားရတာက စမ်းသပ်မှု ကြီးကြီးမားမား ဟုတ်ရဲ့လား ၊ လူတွေက စပါး အပေါ် အံ့ဩတကြီး ဖြစ်နေကြပါတယ် ၊ ဒါပေမယ့် သူတို့က အခုထက်ထိ အိမ်ကွင်းမှာ မန်ယူနိုက်တက် နဲ့ပဲ ရင်ဆိုင် ကစားခဲ့ရသေးတာပါ ။ ”

” အာဆင်နယ် ကကျတော့ ပြီးခဲ့တဲ့ တစ်ရာသီလုံးရော အခု ရာသီ အစမှာပါ စွမ်းဆောင်ပြထားတာပါ ။ မနှစ်ကဆို အကောင်းဆုံး အသင်းကို ၃၈ ပွဲစလုံး ယှဉ်ဖိုက်ပြီး ချန်ပီယံဆု ရလုရခင် အထိ ဖြစ်ခဲ့ပါတယ် ၊ စပါး က အခုမှ စုစည်းမှု အားကောင်း လာခဲ့တာပါ ၊ ဒီတစ်ပတ်ပွဲက စပါး အသင်း ပွဲကို ဘယ်လို ချဉ်းကပ်မလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ် ။ အာဆင်နယ် ရဲ့ passing ‌တွေ lines ‌တွေကြားထဲ ရွေ့လျား ကစားပုံတွေကို စပါး ထိန်းနိုင်မှာ မဟုတ်ပါဘူး ၊ သူတို့ လုံးဝ အရေးနိမ့် သွားမှာပါ ။ ”

” ပိုစတီကိုဂလူး က သူ့ရဲ့ အသင်း ကစားဟန် ကို အပြောင်းအလဲ လုပ်မလား ၊ သူ ဆဲလ်တစ် ပရိသတ်တွေကိုတော့ ပွဲတိုင်းကို တူညီတဲ့ ဘောလုံး ကစားဟန် နဲ့ မကစားဘူးလို့တော့ ပြောဖူးပါတယ် ၊ ကစားနေကြ ပုံစံ အတိုင်းဆက်ကစားမယ်ဆိုရင်တော့ open-game ဖြစ်ပါလိမ့်မယ် ၊ အာဆင်နယ်ကို toe-to-toe သွားယှဉ်ကစားမယ်ဆိုရရင် အနိုင်ရမယ့် အသင်းက တစ်သင်းတည်း ရှိပါတယ် ။ ”

” စပါး က တန်ပြန်တိုက်စစ် နဲ့ပဲ ကစားမယ်ဆိုရင်တော့ ပွဲက တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားပါလိမ့်မယ် ။ ဒါပေမယ့် စပါး နည်းပြက အဲ့ဒီလို ကစားလိမ့်မယ်လို့ မထင်ပါဘူး ၊ စပါးသာ အနိုင် ရသွားခဲ့ရင် ကျနော် အကြီးအကျယ် အံ့ဩ သင့်မိမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular