spot_img

မော်ရင်ဟို ဟာ သူ့ရဲ့ role model တဦး မဟုတ်ကြောင်း တုန့်ပြန်ရင်း ၊ ဒါဟာ တော့တင်ဟမ် – ချဲလ်ဆီး ထိပ်တိုက် တွေ့ဆုံမှုသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့တဲ့ တူချယ်

ယနေ့ည မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ရဲ့ နောက်ဆုံး လက်ကျန်ပွဲ အဖြစ် တော့တင်ဟမ် – ချဲလ်ဆီး လန်ဒန်ဒါဘီပွဲ ကို ဆက်လက် ကျင်းပ ကစားသွားမှာ ဖြစ်ပါတယ် ။ ဒီတကြိမ် ဟာ ပထမ တကျော့ ထိပ်တိုက် တွေ့ဆုံမှုကလို အနေအထားမျိုး ဖြစ်လာမှာ မဟုတ်ပဲ ၊ ပိုပြီး အကြိတ်အနယ် ရှိလာမှာ သေချာပါတယ် ။

ဟိုဆေး မော်ရင်ဟို ရဲ့ တော့တင်ဟမ် အသင်း ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၂ပွဲဆက် ရှုံးထားပြီးတဲ့နောက် ပြန်ပြီး နာလန်ထူဖို့ ကြိုးစားနေရပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒီပွဲမှာ တုန့်ပြန်မှု တခု ပြသဖို့ လိုနေပါတယ် ။ ယနေ့ည မှာ ရင်ဆိုင်ရမယ့် ချဲလ်ဆီးထက် တပွဲပိုလျော့ နေပေမယ့် ၊ ဒီပွဲမှာ ၎င်းတို့ မနိုင်ခဲ့ရင် ၊ စိတ်ဓာတ်ပိုင်းမှာ တပန်းရှုံးဖို့ ရှိနေပါတယ် ။

myan789

သောမတ်စ် တူချယ် ရဲ့ ချဲလ်ဆီး အသင်း ကတော့ ဖရန့် လမ်းပတ် အလွန် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲမှာ ပေးဂိုးမရှိခဲ့ပဲ ၊ တိုးတက်မှု များစွာ ရှိခဲ့တဲ့ ကစားဟန် နဲ့ အတူ ပြီးခဲ့တဲ့ ဘန်လေ နဲ့ ပွဲမှာ တူချယ် အတွက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ကို စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

တဖက်မှာ သောမတ်စ် တူချယ် ဟာ ယခင် ဒေါ့မွန် အသင်း ကို ကိုင်တွယ်ခဲ့စဉ် က တော့တင်ဟမ် အသင်း ကို ယူရိုပါလိဂ် မှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးပြီး ၊ တော့တင်ဟမ် အပေါ် ကောင်းတဲ့ မှတ်ချက်တွေသာ ပေးခဲ့ပါတယ် ။ မကြာသေးခင် ကလည်း ဂျာနယ်လစ် တဦး က ၎င်းဟာ တော့တင်ဟမ် အသင်း ကို ငယ်စဉ်က အားပေးခဲ့သလား ဆိုတဲ့ အမေး ကိုလည်း တူချယ် က အချက်အလက် ကျကျ ဖြေရှင်းချက်ပေးခဲ့ပါသေးတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း တူချယ် ဟာ ဟိုဆေး မော်ရင်ဟို နဲ့ ပတ်သက်ပြီး အဓိက အမေးခံခဲ့ရကာ ၊ မော်ရင်ဟို ဟာ သူ့ရဲ့ Role model တဦး မဟုတ်ခဲ့သလို ၊ သမိုင်း တလျှောက် ၎င်းတို့ ၂ဦး ပြိုင်ဖက် အဖြစ်နဲ့ ပထမဆုံး အကြိမ် ဆုံတွေ့ခြင်းထက် တော့တင်ဟမ် နဲ့ ချဲလ်ဆီး တို့ လန်ဒန်ဒါဘီ ပြိုင်ဆိုင်မှု သဘောသာ သက်ရောက်စေကြောင်း အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

တူချယ် က ” မော်ရင်ဟို Vs တူချယ် ? ကျွန်တော် ဒါကို အပြည့်အဝ မထောက်ခံပါဘူး ။ ဒါဟာ တော့တင်ဟမ် – ချဲလ်ဆီး ထိပ်တိုက် တွေ့ဆုံမှု တခုသာ ဖြစ်တယ် လို့ ကျွန်တော် အမှန်တကယ် ယုံကြည်ထားပါတယ် ။ ဒါဟာ ကျွန်တော် နဲ့ ဟိုဆေး အားပြိုင်မှု မဟုတ်ပါဘူး ။ ”

” သူ ကိုင်တွယ်နေတဲ့ အင်အား တောင့်တင်းတဲ့ ပြိုင်ဖက် တသင်း နဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်လို့ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုယ်ပိုင်ဆိုင်ထားတဲ့ အရည်အသွေး မြင့်မားတဲ့ ကစားသမား အင်အား နဲ့ အတူ အကြိတ်အနယ် ကစားနိုင်မှာ ဖြစ်လို့ အရမ်း ကျေနပ် အားရမိပါတယ် ။ ဒါဟာ အရေးကြီးဆုံးပါ ။ ”

” ဟိုဆေး ဟာ ကျွန်တော့ ရဲ့ role model ဟုတ်သလား ဆိုတဲ့ မေးခွန်းကို အရိုးသားဆုံး ဖြေရှင်းရရင်တော့ ကျွန်တော် နည်းပြ လောကထဲကို စတင် ဝင်ရောက်လာတဲ့ အချိန်က သူနဲ့ ကျွန်တော် ဟာ တအားကို အလှမ်းဝေးကွာခဲ့ပါတယ် ။ ဒီကမ္ဘာကနေ လကမ္ဘာ အကွာအဝေးလောက်ကို ကွာခဲ့တာပါ ။ ”

” ဒီတော့ သူဟာ ကျွန်တော့ ရဲ့ role model စစ်စစ်တော့ မဟုတ်ခဲ့ပါဘူး ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော် ဟာ မိန့်ဇ်အကယ်ဒမီမှာပဲ အလုပ်လုပ်ခဲ့တာပါ ။ အဲ့ဒီကနေ တဆင့် ဥရောပ ထိပ်တန်း အဆင့်လိဂ် မှာ နည်းပြ တဦး ဖြစ်လာခဲ့ပါတယ် ။ ကျွန်တော် ဟာ နေ့စဉ် ကိုယ့်အလုပ် ကိုယ်အာရုံစိုက်ရင်း အလုပ်မှာ ပျော်မွေ့နေတတ်သူသာ ဖြစ်ပါတယ် ။ ”

” ဟိုဆေး ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာ တဦး ဖြစ်ပြီး ၊ ပြိုင်ဆိုင်မှု အရမ်း အရမ်း ပြင်းထန်ပြီး ၊ အင်အား အရမ်း တောင့်တင်းမှု ရှိတဲ့ တော့တင်ဟမ် အသင်း ကို ထူထောင် ထားတာပါ ။ ဒါဟာ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ စိန်ခေါ်မှု ၊ ရင်ဆိုင်မှု တခုပါပဲ ။ ”

” ဒါဟာ မတူညီတဲ့ ဓလေ့ ၊ မတူညီတဲ့ ဘောလုံး အတွေးအခေါ် ၂ခု ရဲ့ ပြိုင်ဆိုင်မှု တခုလား ? ကျွန်တော် မသိပါဘူး ။ ဟိုဆေး ဟာ winner တဦးပါ ။ ကျွန်တော် ဟာလည်း ကိုယ်ကိုင်တွယ်ဖူးတဲ့ အသင်းတွေမှာ တူညီတဲ့ ခံယူချက်မျိုး အမြဲ ပို့ချပါတယ် ။ ကျွန်တော် တို့ဟာ အောင်မြင်မှုတွေ ၊ နိုင်ပွဲတွေ ရှာဖွေနိုင်ဖို့ အမြင့်ဆုံး အဆင့်မှာ ရှိနေပါတယ် ။ ဒီတော့ မနက်ဖြန် သူတို့ရဲ့ အိမ်ကွင်းမှာ အနိုင်ယူပြဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular