spot_img

မူစီယာလာကို ဘိုင်ယန်ဆက်ထိန်းနိုင်ဖို့ အလိုရှိနေတဲ့ မက်စ်အီဘာရယ်

ဘိုင်ယန်အမှုဆောင် အီဘာရယ်က မူစီယာလာကို အသင်းမှာဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပြီး ဘိုင်ယန်ဘက်ကလည်း အရာအားလုံးပေးအပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုလိုက်ပါတယ်။ ဘိုင်ယန်ဟာ တနင်္ဂနွေနေ့တုန်းက ဘိုချမ်ကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ မူစီယာလာက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး တင်ပါးဒဏ်ရာကြောင့် နားခဲ့ရပြီးနောက် အသက် ၂၁ နှစ်သားဟာ လူစာရင်းထဲပြန်လည်ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုချမ်နဲ့ပွဲမှာ ဂျာမန်သားဟာ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဟယ်ရီကိန်းရဲ့ဂိုးကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။ မူစီယာလာရဲ့အတိုးအလှုပ်ကြောင့် ဘိုချမ်အနေနဲ့ ထိန်းသိမ်းဖို့ ခက်ခဲခဲ့ပြီး ကွန်ပနီကလည်း ပွဲထွက်ပေးခဲ့ပြီးနောက် လူစားလဲခဲ့ပါတယ်။

myan789

ဘိုင်ယန်အားကစားဒါရိုက်တာ အီဘာရယ်ကလည်း မူစီယာလာဟာ အသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သိမြင်ကြောင်း နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားလုပ်ဆောင်နေကြောင်း ပြောကြားလိုက်ပါတယ်။

“ဂျာမဲလ်က တကယ့်ကိုအလားအလာရှိတဲ့လူငယ်လေးပါ။ ဒါကြောင့် ကျွန်တော်တို့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဘိုချမ်နဲ့ပွဲမှာ သူက ဘယ်လောက်အထိ အသင်းအတွက် အရေးပါလဲဆိုတာကို မြင်နိုင်ပါတယ်”လို့ အီဘာရယ်က ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်ဟာ စက်တင်ဘာတုန်းက မူစီယာလာကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးထားပြီးဖြစ်ကာ တကယ်လို့စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ရင် အသင်းရဲ့ထိပ်တန်းလုပ်ခလစာအများဆုံးကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

ဘိုင်ယန်ဂန္ထဝင် လိုသာမားသီးယက်စ်ကလည်း အသင်းဟောင်းအနေနဲ့ မူစီယာလာကို ဆက်ထိန်းသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေအပြင် စပိန်ကလပ်တွေကလည်း မူစီယာလာအခြေအနေကို စောင့်ကြည့်နေကြပါတယ်။ အသက် ၂၁ နှစ်သားကိုယ်တိုင်ကလည်း ကွန်ပနီလက်အောက်မှာ ကစားရတာကိုပျော်ရွှင်နေပြီး ဦးစားပေးကစားသမားဖြစ်လာနေပါတယ်။

ဘိုင်ယန်ဟာ ၈ ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိပဲ ချန်ပီယံလိဂ်မှာတော့ ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့ပါတယ်။ ဘိုင်ယန်အနေနဲ့ လက်ရှိစွမ်းဆောင်ရည်ကို ဆက်ထိန်းနိုင်ရင် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ နီးစပ်နိုင်ပြီး မူစီယာလာက အဓိကကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular