spot_img

မိုဆာလတ် ကို ခေါ်ယူဖို့ ရီးရဲ မက်ဒရစ် မှာ ဘတ်ဂျက် မရှိဘူးလို့ ဆိုလိုက်တဲ့ စပိန် သတင်းထောက်

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မို ဆာလတ် နဲ့ AS သတင်းစာတို့ အကြား ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့် လီဗာပူး ပရိသတ်တွေ အကြားမှာ တော်တော်လေး ရိုတ်ခတ် သွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကစားသမားဟာ လီဗာပူး မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ မီဒီယာ တစ်ချို့ က ဖွလာခဲ့သလို ၊ BeIN Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာလဲ အီဂျစ် ကစာသမားဟောင်း တစ်ဦး က မို ဟာ လီဗာပူး နဲ့ လမ်းခွဲဖွယ် ရှိနေတယ်လို့ ပြောဆိုလာခဲ့ ပါတယ်။

myan789

ဒါကြောင့် ကစားသမားဟာ ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ အသင်းတွေဆီ ပြောင်းရွှေ့ဖို့ တကယ်ပဲ ဆန္ဒရှိနေတာလား ဆိုတဲ့ မေးခွန်းတွေက ဆူညံလာခဲ့ပါတယ်။

လီဗာပူး ပရိသတ်တွေ အကြားမှာတော့ အမြင်အမျိုးမျိုးနဲ့ သုံးသပ်ခဲ့ကြပြီး ၊ အမျာစုက မို ဟာ စာချုပ်သစ် ချုပ်ဆိုချင်တဲ့ အတွက် အချက်ပြလာတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Sky Sports ရဲ့ စပိန် ဘောလုံး ကျွမ်းကျင် သုံးသပ်သူ အယ်ဗာရို မွန်တီရို ကတော့ ရီးရဲ မက်ဒရစ်မှာ မိုဆာလတ် ကို ခေါ်ယူဖို့ အတွက် ဘတ်ဂျက်တောင် မရှိဘူးလို့ ပြောဆိုသွားခဲ့ ပါတယ်။

“ ကျနော် တို့ စပိန်မှာလဲ မိုဆာလတ် ရဲ့ အပြောင်းအရွှေ့တွေ နဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးကြတာမျိုးတွေ ရှိပါတယ်။ သူဟာ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ ကစားဖို့ တံခါးတွေ ဖွင့်ထားဆဲ ဆိုတာ ကိုယ်တိုင် ဖွင့်ပြောသွားခဲ့တာလေ။

ဘာစီလိုနာ နည်းပြဟာ ကစားသမားသစ်တွေ ထပ်ပြီး ဖြည့်တင်းချင်နေတာတော့ အားလုံး မျက်မြင်မှာပါ။ ဒါပေမယ့် သူလိုချင်တဲ့ ကစားသမားတွေ ကြည့်လိုက်ရင် အဲရစ် ဂါစီယာ ၊ ဒီပေး တို့လို စာချုပ်သက်တမ်း ကုန်ခါနီးနေတဲ့ သူတွေပါ။

ရီးရဲ မက်ဒရစ် ဘက်ကို ပြန်ကြည့်လိုက်မယ် ဆိုရင်လဲ စီးပွားရေး ပိုင်းအရ တော်တော်လေးကို ခက်ခဲနေတာ တွေ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ မို ဆာလတ် က တကယ်ကို ခြေစွမ်းကောင်းတဲ့ ကစားသမား တစ်ယောက်လေ။ လက်ရှိ အသင်းမှာ သူ့ရဲ့ သူ့ဂိုးတွေလဲ အများကြီးကို လိုအပ်ပါတယ်။ ဒါပေမယ့် ဘန်ဇီးမား နဲ့ တွဲပြီး ကစားပေးဖို့တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။

နောက်တစ်ချက် ဆွဲပြီး ထုတ်ပြရရင် ရီးရဲ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ နှစ်ပတ်လည် အစည်းအဝေး ကို ကျင်းပသွားခဲ့တာပါ။ သူတို့အားလုံး ဟာ ဒီရာသီမှာ အရှုံး ပမာဏက ယူရို 107 သန်း အထိ ရှိနေတယ် ဆိုတာ ကောင်ကောင်းနားလည်ထားကြပါတယ်။ နှစ်စဉ် နှစ်တိုင်း ယူရို သန်း ရာချီပြီး သုံးစွဲနိုင်တဲ့ ကလပ်က ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်း လက်ငြိမ်နေတာကို ကြည့်ရင်ပဲ ခန့်မှန်းကြည့်လို့ ရနေပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်

တစ်ချိန်တည်းမှာပဲ လီဗာပူး ကစားသမားဟောင်း ကာရေဂါ ကလဲ ဆာလတ် ရဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး သူ့အမြင် ကို အခုလို ချပြသွားခဲ့ ပါတယ်။

“ ကျနော့် အမြင်မှာတော့ ဆာလတ် ရဲ့ အပြောင်းအရွှေ့ အကြောင်းကို အခုလောက်ကြီး အာရုံစိုက်စရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ အချိန်က ကျော်လွန်နေပါပြီ။

ယူနိုက်တက် ကနေ ရိုနာဒို ထွက်ခွာသွားတုန်းက ရီးရဲ မက်ဒရစ် အရှိန် အဝါအားဖြင့် ကြီးမားနေဆဲလေ။ အဲဒီ အပြောင်းအရွှေ့က နောက်တစ်ဆင့်ကို ခုန်တက်လိုက်သလိုမျိုးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် လက်ရှိ စပိန် ဘီလူး နှစ်သင်းရဲ့ အနေအထား က အများကြီး ကျဆင်းသွားပါပြီ။

ဆာလတ် မှာ စာချုပ် သက်တမ်း က 2 နှစ်ခွဲတောင် ကျန်ပါသေးတယ်။ ကျနော် ကတော့ ဒီကိစ္စဟာ စာဖွဲ့နေစရာ လိုတဲ့ သတင်းမျိုးလို့ မမြင်ပါဘူး။ ရီးရဲ မက်ဒရစ် ဟာ အသက် 28 နှစ် အရွယ် အီဒင် ဟာဇက် အတွက် ပိုက်ဆံတွေ အများကြီး သုံးထားပြီးပြီလေ ၊ အခု နောက်ထပ် အသက် 28 နှစ် အရွယ် ကစားသမား တစ်ယောက်အတွက် ထပ်ပြီး ပိုက်ဆံတွေသုံးပြဦးမှာလား?

ကျနော့် အထင်မှာတော့ 2 နှစ်လောက် နောက်ကျသွားပြီ လို့ပဲ ပြောချင်ပါတယ်။ လက်ရှိ ဘောလုံး လောကမှာ ပိုက်ဆံ ပမာဏ အများကြီး သုံးစွဲကြတယ် ဆိုတာ 25-26 နှစ် ဝန်းကျင်တွေ အတွက်ပဲ များပါတယ်။ တကယ်လို့ ဆာလတ် က အသင်းပြောင်းသွားမယ် ဆိုရင်တောင် လီဗာပူး ဟာ ပိုက်ဆံတွေ အများကြီး ရလိုက်မှာပါ။ ဒါက သဘောပြောကြည့်တာပေါ့။

တကယ်တော့ သူ့အတွက် အသင်းပြောင်းသင့်တဲ့ အချိန်ဟာ ကျော်လွန်သွားခဲ့ပြီ ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular