spot_img

မိုဆာလက်ပုံစံက အေးအေးဆေးဆေးပါပဲလို့ ထုတ်ပြောလိုက်တဲ့ ရော်ဘတ်ဆန်

လီဗာပူးအသင်းမှာ ဆက်ရှိနေရဖို့ထက် ထွက်ခွာသွားရနိုင်ခြေ ပိုများနေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အင်္ဂါနေ့လေ့ကျင့်ရေးအစီအစဉ်မှာတော့ မိုဆာလက်ဟာ အေးအေးဆေးဆေးပဲ ရှိနေခဲ့တယ်လို့ ရော်ဘတ်ဆန်ရဲ့အဆိုအရ သိရပါတယ်။
ဆောက်သမ်တန်ကို ၂-၃ ဂိုးဖြင့် အနိုင်ရရှိတဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး အသက်-၃၂ နှစ်အရွယ်ကစားသမားက ကလပ်အသင်းရဲ့စာချုပ်သက်တမ်းတိုးမြှင့်ရန်ကမ်းလှမ်းလာမှုမရှိသေးခြင်းအပေါ် စိတ်ပျက်မိပြီး အသင်းမှာ ဆက်ရှိနေရဖို့ထက် ထွက်ခွာရဖို့ ပိုများနေပြီလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးဂန္တဝင်ကာရေဂါက အခုလိုမှတ်ချက်စကားတွေအတွက် အီဂျစ်ကြယ်ပွင့်ကို တစ်ကိုယ်ကောင်းဆန်သူတစ်ဦးလို့ ဝေဖန်သွားခဲ့ပေမယ့် လက်ရှိအခြေအနေအောက်မှာ အသင်းအဝတ်လဲခန်း (သို့မဟုတ်) မိုဆာလက်အတွက် ဖိအားတွေရှိနေပြီလို့တော့ မယူဆနိုင်ပါဘူး။
ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရော်ဘတ်ဆန်က အင်္ဂါနေ့၊ လေ့ကျင့်ရေးအစီအစဉ်အတွင်း မိုဆာလက်ကို အပျော်ရွှင်ဆုံးပုဂ္ဂိုလ်တွေအနက် တစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတယ်လို့ ရှင်းပြခဲ့ပါတယ်။
ရော်ဘတ်ဆန်က “မိုဆာလက်ကိုကြည့်ရတာ ဝမ်းနည်းစိတ်ပျက်နေတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ မိုဆာလက်က အပြုံးတစ်ခုနဲ့အတူ လေ့ကျင့်ရေးကွင်းဆီ နေ့စဉ်ရောက်ရှိလာလေ့ရှိပါတယ်။ သူက အရင်ထက်တောင် gym လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပြီး လေ့ကျင့်ရေးကွင်းမှာလည်း အရင်ထက်တောင် ပိုကြိုးစားနေပါသေးတယ်။
ဒါနဲ့ပတ်သက်လို့ မိုဆာလက်ဟာ လေ့ကျင့်ရေးကွင်းမှာ အပျော်ရွှင်ဆုံးလူပုဂ္ဂိုလ်တွေအနက် တစ်ဦးဖြစ်တယ်လို့ပြောမယ်ဆိုရင် သေချာသလောက်ပါပဲ။ ဒီမှာရှိနေတဲ့အခိုက်အတန့်တိုင်းမှာ သူ ပျော်ရွှင်နေပါတယ်။ ဒီအတိုင်း

Mohamed Salah was more likely to leave Liverpool than stay

သေချာပေါက်ပြောနိုင်ပါတယ်။ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်မှာ မိုဆာလက် ဝမ်းနည်းနေတဲ့ပုံတစ်ခုလောက် ကျွန်တော့်ဆီ ခင်ဗျားတို့ ပြနိုင်မယ်ဆိုရင်တော့ ခင်ဗျားတို့ပြောသလိုမျိုး ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် သူ့ကို ကြည့်ရတာ အချိန်တိုင်းပျော်ရွှင်နေသလိုပါပဲ။ မိုဆာလက်က အာရုံစူးစိုက်မှု ကောင်းမွန်သူတစ်ဦးဖြစ်ပြီး အခုအချိန် နေအိမ်မှာရှိနေကာ လာမယ့်ပွဲစဉ်အတွက် အာရုံစိုက်နေပါလိမ့်မယ်။ ဒါကပဲ အဓိကအချက်ပါ။ ကစားသမားကောင်းတွေအားလုံး၊ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအားလုံး ကိုယ့်ပွဲစဉ်အတွက်ပဲ အာရုံစိုက်လေ့ရှိပါတယ်။ မိုဆာလက်က အဲ့ဒီလိုအမျိုးအစားထဲမှာ သေချာပေါက် ပါဝင်ပါတယ်”လို့ ပြောပါတယ်။
အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်တဲ့ လီဗာပူးအသင်းက ချန်ပီယံလိဂ်လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာလည်း သူတို့ရဲ့မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular