spot_img

မိုချန်ဂလာဘတ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ဂတ်မူလာ၏ စံချိန်ကို လီဝန်ဒေါစကီး ချိုးဖျက်နိုင်ရန် နီးစပ်လာ

ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲတွင် မိုချန်ဂလာဘတ်အသင်းကို ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာတင်ရှိထားသည့် ဘွန်ဒစ်လီဂါဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ရန် နီးစပ်လာကြောင်း သိရသည်။

ဂတ်မူလာသည် ၁၉၇၁-၇၂ ရာသီက ဘွန်ဒစ်လီဂါတွင် ဂိုး(၄၀)သွင်းယူကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်းဂိုးအများ ဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင် ထားခဲ့ခြင်းဖြစ်သည်။

myan789

ယင်းစံချိန်ကို မည်သူမျှ လိုက်မီခြင်းမရှိသည့်အတွက် (၄၉)နှစ်ကြာမြင့်သည်အထိ တည်မြဲနေခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ရာသီအလိုက် ဂိုးသွင်းဘုရင်ဆု (၅)ကြိမ်ရရှိခဲ့ဖူးသည့် လီဝန်ဒေါစကီးမှာလည်း အများဆုံး(၃၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

သို့သော် လီဝန်ဒေါစကီးသည် ယခုရာသီပြိုင်ပွဲပြီးဆုံးရန် (၂)ပွဲအလို၌ (၃၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်သောကြောင့် ဂတ်မူလာ၏စံချိန်ကို လိုက်မီရုံသာမက ကျော်ဖြတ်နိုင်ရန်ပင် နီးစပ်နေပြီဖြစ်သည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ် ရူမင်နစ်ဂီက “အရိုးသားဆုံးပြောရရင် ကျွန်တော် အံ့အားသင့်နေပါတယ်။ မူလာရဲ့ စံချိန်က ဘယ်တော့မှ ကျိုးပျက်မှာ မဟုတ်တော့ဘူးလို့ ထင်ထားတာပါ။ အခုတော့ ရောဘတ်က ကျော်ဖြတ်နိုင်ခြေရှိနေပါပြီ။ သူက အသင်းမှာ သမိုင်းသစ်တစ်ခု ရေးနိုင်ဖို့ နီးစပ်နေပါပြီ” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular