spot_img

မို ဆာလာ က ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဘောလုံးသမားပါ

အခုမှ ရာသီသစ် စတင်လို့ 6 ပွဲသာ ကစားရသေးတာ ဖြစ်သော်လဲ QPR တိုက်စစ်မှုးဟောင်းကြီး ချာလီ အော်စတင် ကတော့ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဘောလုံးသမားဟာ မို ဆာလာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အီဂျစ် တိုက်စစ် ကစားသမားဟာ ဒီရာသီမှာလဲ လီဗာပူး ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပြနေသလို ၊ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းထားသူ စာရင်းမှာလဲ ဗာဒီ ၊ မိုက်ကယ် အန်သိုနီယို တို့ နဲ့ အတူ ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်ပြလျှက် ရှိပါတယ်။

myan789

သူဟာ မကြာသေးခင်ကမှ လီဗာပူး ကစားသမား ဘ၀ ပရီးမီးယားလိဂ် စုစုပေါင်း သွင်းဂိုး 100 ပြည့်မြောက် ထားခဲ့ပြီး ၊ ကလပ် သမိုင်းကြောင်း တလျှောက် အဲဒီ စံချိန်ကို ပွဲအရေအတွက် အနည်းဆုံး ကစားပြီး ရယူနိုင်တဲ့ ကစားသမား အဖြစ်လဲ မှတ်တမ်း ရေးထိုးနိုင်ခဲ့ ပါတယ်။

ဒါကြောင့် ချာလီ အော်စတင် က လီဗာပူး အနေနဲ့ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမား တယောက်ကို အမြန်ဆုံး စာချုပ် ချုပ်ဆိုသင့်ကြောင်း အခုလို တိုက်တွန်း သွားခဲ့ ပါတယ်။

“ ဆာလာ စွမ်းဆောင်ပြထားတဲ့ မှတ်တမ်းတွေ က မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်။ တနှစ်ပြီး တနှစ် ဒီပုံစံ အတိုင်းကို ကစားပြနေတာပါ။ လီဗာပူး ဂျာစီ ကို သူ ဝတ်ဆင်ထားပြီး ဆိုတဲ့ အချိန်တိုင်း ၊ သူ့ဆီကနေ သွင်းဂိုးတွေ မျှော်လင့်ထားလို့ ရနေပါပြီ။

ဒါကြောင့် သူ့အနေနဲ့ ကိုယ့်ခြေစွမ်းနဲ့ ထိုက်တန်တဲ့ လစာ ပမာဏမျိုး ရသင့်ပါတယ်။ လီဗာပူး အနေနဲ့လဲ ဒီလို ကစားသမားမျိုးကို လုံး၀ ဆုံးရှုံးခံလို့ မရပါဘူး။

တိုက်စစ်မှုးတွေ ဆိုတော့ သူ့တို့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ရွှေပိသာချိန်တွေလောက် တန်ဖိုးကြီးမားတဲ့ သူတွေလေ။

ကျနော့် အမြင်မှာတော့ သူဟာ ကမ္ဘာပေါ်က ဘယ်အသင်းမျိုးမှာ မဆို ထိပ်တန်း ခြေစွမ်းတွေနဲ့ ကစားပြနိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒီအကြောင်းကိုတော့ လေးလေးနက်နက် ကို ယုံကြည်ထားပါတယ်။

ခြေစွမ်းက တည်ငြိမ်တယ် ၊ ကန်ချက် ပါဝါ အားကောင်းတယ် ၊ အဆုံးသတ်ပိုင်းကလဲ ကောင်းမွန်သလို ၊ နေရာစုံကနေ Pressing လုပ်ပြနိုင်တယ်လေ။ သူ့မှာ အားလုံးကို ပြည့်စုံနေပါပြီ။ လီဗာပူး ရဲ့ Pressing စတိုင် က သူ့ဆီကနေတောင် အစပြုတယ်လို့ ပြောလို့ ရပါတယ်။

ကျနော့် အတွက်တော့ သူဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဘောလုံးသမား တယောက်ပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

မို ဆာလာ ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ နောက်ဆုံး 2 နှစ် သက်တမ်းအတွင်းကို ဝင်ရောက်နေပြီ ဖြစ်ပြီး ၊ သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြသည့်တိုင်အောင် အပြီးသတ် နိုင်ခြင်း မရှိသေးပါဘူး။

သူဟာ ပေါ်တို နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ နောက်ထပ် 2 ဂိုး သွင်းယူပြနိုင်ခဲ့တာကြောင့် လီဗာပူး ကစားသမား ဘဝမှာ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း 29 ဂိုး အထိ ရှိလာခဲ့ပါပြီ။

အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ကာရေဂါ ကတော့ စတီဗင် ဂျရတ် တင်ရှိထားတဲ့ ဥရောပ စံချိန်တင် သွင်းဂိုး 41 ဂိုး (ချန်ပီယံလိဂ် + ယူရိုပါလိဂ်) မှတ်တမ်းကို မိုဆာလာ က မကြာခင်မှာ ဖြတ်ကျော်ပြလိမ့်မယ်လို့ ထောက်ခံချက် ပေးသွားခဲ့ ပါတယ်။

“ မို က ဘယ်လောက် အထိ ဂိုးသွင်းကောင်းတဲ့ ကစားသမားလဲ ဆိုတာ ကျနော်တို့ အားလုံး သိထားပြီးသားပါ။ ဒါပေမယ့် လက်ရှိ ပုံစံကောင်းတွေ က ပိုပြီးတောင် ကြောက်ဖို့ ကောင်းပါတယ်။

ကျနော့် အမြင်မှာတော့ သူဟာ ဂျရတ် ရဲ့ စံချိန်တင် သွင်းဂိုး မှတ်တမ်းကို ဖြတ်ကျော်ဖို့ အရမ်းကို နီးစပ်နေပါပြီ။ နောက်ထပ် ပွဲ အနည်းငယ် ကစားလိုက်မယ် ဆိုရင် လုံး၀ ကို ကျော်ဖြတ်ပြလိမ့်မယ် ထင်ပါတယ်။ လက်ရှိ ဂိုးသွင်းနှုန်း နဲ့ ချိန်ကြည့်လိုက်မယ် ဆိုရင် ပရိသတ်တွေတောင် မျှော်ကြည့်လို့ ရပါတယ်” လို့ CBS Sports ရဲ့ တင်ဆက်မှုမှာ သုံးသပ်သွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဒီတပတ်မှာတော့ ဒီနှစ် ရာသီ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့ မန်စီးတီး အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular