လီဗာပူး ရဲ့ ရလာဒ်တွေ ဆက်တိုက် ယိမ်းယိုင်မှုတွေ နဲ့ အတူ ရှုထောင့် အမျိုးမျိုး နဲ့ ဝေဖန်သုံတွေ ကလဲ ဆက်တိုက် မြင်တွေ့လာရပါတယ်။ အထူးသဖြင့် အများစုဟာ လက်ရှိ ခြေစွမ်းတွေ ဆက်တိုက် ကျဆင်းနေတဲ့ မိုဆာလတ် ရဲ့ စွမ်းဆောင်ရည်တွေ အပေါ် လက်ညှိုး ပြ နေကြတာပါ။
မို ဆာလတ် ဟာ ရဲ့ ဒီရာသီ ကနဦး အဖွင့် စွမ်းဆောင်ရည်တွေဟာ လီဗာပူး ကို စတင် ရောက်ရှိလာခဲ့တဲ့ ဘောလုံးရာသီက ခြေစွမ်းမျိုးတွေ နဲ့တောင် တစ်သမတ်တည်း နီးပါး အထိ ရှိခဲ့ပါတယ်။ ဂိုးတွေ ကို ဒိုင်ခံသွင်းပြသလို ၊ ပွဲရဲ့ အလှည့်အပြောင်းတွေ ကိုလဲ အကြိမ်ကြိမ် လုပ်ဆောင်ပေးခဲ့တာပါ။
သူ့ရဲ့ သွင်းဂိုး နဲ့ ခြေစွမ်းတွေကြောင့်ပဲ မာနေး ခြေကျနေတာ ၊ ဖာမင်နို ဂိုးပေါက် ပျောက်နေတဲ့ အချက်တွေက ပေါ်လွှင်ခဲ့ခြင်းတောင် မရှိခဲ့ပါဘူး။
သို့သော် အဲဒီ အနေအထား ကပဲ သူ့ကို ဆွဲချသွားခဲ့ ပါတယ်။
သူဟာ အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားမျိုး ဖြစ်လာချိန်မှာ AS သတင်းစာကြီး နဲ့ အင်တာဗျူး လုပ်လိုက်တဲ့ အကြောင်းအရင်းက ဝေဖန်မှုတွေ အများကြီး ပေါ်ပေါက်လာစေခဲ့ ပါတယ်။
လက်ရှိ ဗိုင်းရပ် ကာလမျိုးမှာ ကမ္ဘာကျော် ဘောလုံးသမားတိုင်းက အင်တာဗျူး လုပ်ဆောင်ကြတော့မယ် ဆိုရင် Zoom ကနေ တဆင့်သာ လက်ခံ ဖြေကြားလေ့ရှိပေမယ့် ၊ ဆာလတ် ကတော့ ရီးရဲ မက်ဒရစ် နဲ့ အရမ်းကို နီးကပ်မှု ရှိတဲ့ AS သတင်းစာနဲ့ Face to Face လက်ခံကာ အင်တာဗျူး သွားခဲ့ ပါတယ်။
ဒါ့အပြင် ဖြေကြားခဲ့တဲ့ အကြောင်းအရာတွေထဲမှာလဲ ဘာစီလိုနာ / ရီးရဲ မက်ဒရစ် တို့ဆီ ပြောင်းရွှေ့နိုင်မယ့် လမ်းကြောင်းတွေ အတွက် တံခါးဖွင့်ထားကြောင်း ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဖြစ်ခဲ့တဲ့ ရာမို့စ် နဲ့ ကိစ္စကို ဗွေမယူတဲ့ အကြောင်း တွေကိုပါ ထည့်သွင်း ပြောဆိုခဲ့တာပါ။
ဒါဟာ လီဗာပူး အနေနဲ့ သူ့ကို ထိန်းထားမယ် ဆိုရင် စာချုပ်သစ် ကမ်းလှမ်းဖို့ အချက်ပြလိုက်တာ ဖြစ်သလို ၊ စပိန် အင်အားကြီး ကလပ်တွေ အနေနဲ့လဲ ခေါ်ယူမယ် ဆိုပါက အခွင့်အရေး ရှိတယ် ဆိုတဲ့ အကြောင်း တစ်ပြိုင်နက် အချက်ပြလိုက်တာ ဖြစ်ပါတယ်။
လီဗာပူး ပရိသတ်တွေ ကတော့ 2 နှစ်ခွဲ စာချုပ် သက်တမ်း ကျန်ရှိနေသေးတဲ့ အချိန်မျိုးမှာတောင် အခုလို ပြောဆိုခဲ့တာ ၊ ရာသီဝက်တောင် မကျိုးသေးတဲ့ ကာလတစ်ခုမှာ ကလပ်အသင်း ရဲ့ ဂိုးသွင်းတွေက သူ့အပေါ်မှာပဲ မှီခို နေရတဲ့ အခိုက်အတန့်မျိုးမှာ အချိန်ကိုက် အင်တာဗျူး လုပ်ဆောင်လာတာ ဖြစ်လို့ တော်တော်လေး ဝေဖန်ခဲ့ကြပါတယ်။
အဲဒီ အတွက်ကြောင့်လဲ ပရီးမီးယားလိဂ် သွင်းဂိုးထားသူ စာရင်းမှာ အများဆုံး နဲ့ ဦးဆောင်နေတဲ့ သူဟာ 4 ပွဲ ဆက်တိုက် ဂိုးပေါက်တွေ ပျောက်ဆုံးသွားခဲ့ ပါတယ် ။ ဒါတောင် အီဂျစ် ကစားသမား က နော်ေ၀ က TV2 နဲ့ အင်တာဗျူး ထပ်လုပ်ကာ ၊ စာချုပ်သစ် ကိစ္စကို ထပ်မံ ဖွလိုက်ပါသေးတယ်။
လီဗာပူး တိုက်စစ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ မိုက်ကယ် အိုဝင် ကတော့ ဆာလတ် ဟာ တစ်ကိုယ်ကောင်း အရမ်းကို ဆန်လွန်းတဲ့ အကြောင်းကို ပေါ်ပေါ်တင်တင် ဝေဖန်လာခဲ့ပြီ ဖြစ်ပါတယ်။
“ ဆာလတ် က ကွင်းထဲမှာ အရမ်းကို တစ်ကိုယ်ကောင်း ဆန်လွန်းပါတယ်။ အခုလဲ အဲဒီ ပုံစံတွေ ပြန်ပြီး မြင်နေရပြန်ပါပြီ။ အရင် ကတည်းက ကစားဖော် တစ်ယောက် ကို ဘောလုံး သိပ်ပြီး မပေးချင်တဲ့ သူဟာ အခုဆိုရင် သိပ်ပြီးတော့တောင် မပေးတော့ပါဘူး။ နောက်ပိုင်း ပွဲတွေ ရလာဒ် ဆိုးသွား ကတည်းက အဲဒီ ကိစ္စကိုပဲ ခဏခဏ တွေးမိနေပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။
ဆာလတ် ကို ဝေဖန်လာတာ မိုက်ကယ် အိုဝင် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ နောက်ထပ် ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း တစ်ယောက် ဖြစ်တဲ့ ဒါရင်းဘန့် ကလဲ အခုလို မှတ်ချက် ပေးသွားခဲ့ ပြန်ပါတယ်။
“လက်ရှိ သူ့ရဲ့ ကိုယ်နေဟန် အနေအထားတွေကို ကြည့်လိုက်မယ် ဆိုရင် ၊ သူဟာ လီဗာပူး မှာ မပျော်တော့ဘူး ဆိုတာ သိသာနေပါတယ်။
ရီးရဲ မက်ဒရစ် နဲ့ အပြောင်းအရွှေ့ သတင်းတွေကို စပြီး ပြောလိုက် ကတည်းက သူ့ခြေစွမ်းက ပုံမှန် မဟုတ်တော့ဘူးလေ။ ကွင်းထဲက ဆုံးဖြတ်ချက် ချတဲ့ အပိုင်းတွေမှာလဲ မတိကျတော့ပါဘူး။
သူ့ရဲ့ သွင်းဂိုး နဲ့ ဖန်တီးမှုတွေ ကို ကြည့်လိုက်မယ် ဆိုရင်တော့ အံ့အားသင့်စရာ ကောင်းလွန်းနေဆဲပါ။ ဒါပေမယ့် စွမ်းဆောင်ရည် ကျနေတယ် ဆိုတာ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။
တစ်ခါတလေ ဘောလုံးပေးတာတွေ ပျက်သွားသလို ၊ 5 ကိုက် အကွာအဝေးလောက် ပေးရတဲ့ အနေအထားမှာတောင် မမှန်ချင်တော့ပါဘူး” လို့ ထောက်ပြသွားခဲ့ ပါတယ်။