spot_img

မိမိ၏အိပ်မက်များ အမှန်တကယ်ဖြစ်လာခဲ့ပြီး နှိမ့်ချစိတ်၊ ဆာလောင်စိတ်တို့ဖြင့် ရည်မှန်းချက်ထားကြိုးစားမည်ဟု PSG နည်းပြသစ် ပိုချက်တီနို ကတိပေး

PSG အသင်း၏ နည်းပြသစ်ဖြစ်သူ ပိုချက်တီနိုက အသင်းနည်းပြအဖြစ် ခန့်အပ်ခံရခြင်းနှင့်ပတ်သက်ပြီး မိမိ၏အိပ်မက်များ အမှန်တကယ်ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ယင်းအလုပ်ကို နှိမ့်ချစိတ်၊ ဆာလောင်စိတ်များဖြင့် ရည်မှန်းချက်ထားကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

စပါး၊ ဆောက်သမ်တန်နှင့် အက်စ်ပန်ညိုအသင်းတို့၏ နည်းပြဟောင်းဖြစ်သူ ပိုချက်တီနိုသည် PSG အသင်းနှင့် ၂၀၂၂ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အပိုစာချုပ်သက်တမ်းတစ်နှစ်အတွက် သဘောတူညီမှုရယူနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

myan789

သူသည် ၂၀၁၉ ခုနှစ်အတွင်းက စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် နည်းပြလောကအတွင်းသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

သူသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က PSG အသင်းလေ့ကျင့်ရေးကွင်းတွင် စတင်အလုပ်လုပ်ခဲ့ပြီး ဇန်နဝါရီအားလပ်ရက်မှပြန်လာသည့် ကစားသမားများနှင့်အတူ စတင်တွေ့ ဆုံခဲ့ကြောင်းလည်း သိရှိရသည်။

PSG အသင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ကစားသမားအဖြစ် ဖြတ်သန်းခဲ့ဖူးသည့် ပိုချက်တီနိုက ”PSG အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အတွက် အရမ်းပျော်ရွှင်နေပြီး ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ ဒီနေရာအတွက် ကျွန်တော့်ကို ယုံကြည်မှုအပြည့်ထားပြီး ကမ်းလှမ်းခဲ့တဲ့ အသင်းတာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။

”ဒီအသင်းက အလွန်ကောင်းမွန်တဲ့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပြီး၊ ကျွန်တော်နဲ့ ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေက ပြိုင်ပွဲတိုင်းမှာ PSG အသင်း အ ကောင်းဆုံးပုံစံပြသနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒါ့အပြင် PSG အသင်းပရိသတ်တွေလိုလားတဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ်ပြည့်ဝပြီး၊ တိုက်စစ်ကို ဦးစားပေးတဲ့ ပုံစံနဲ့ အသင်းကို ပုံဖော်တည်ဆောက်သွားပါမယ်”ဟုလည်း ပိုချက်တီနိုက ဆိုခဲ့သည်။

PSG အသင်း၏ နည်းပြဟောင်းဖြစ်သူ သောမတ်စ်တူဟယ်လ်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လက အူနိုင်းအမ်မရီ၏နေရာတွင် အစားဝင်ရောက်ခဲ့ပြီးနောက် အသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ကလပ်အသင်းဒါရိုက်တာဖြစ်သူ လီယိုနာဒိုနှင့် အသင်းတည်ဆောက်မှု မူဝါဒနှင့်ပတ်သက်ပြီး လူသိရှင်ကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

တူဟယ်လ်က ”ကျွန်တော်တို့အသင်းက ကစားသမားကောင်းတော်တော်များများကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ဆုံးရှုံးခဲ့ပါတယ်။ အရမ်းအရမ်းကို များလွန်းပါတယ်။ အသင်းအနေနဲ့ ကစားသမားတွေကို ထိန်းသိမ်းတဲ့အပိုင်းကို သေချာဂရုစိုက်သင့်ပါတယ်”ဟု ဝေဖန်ခဲ့ခြင်းကြောင့် လီယိုနာဒိုနှင့် အဆင်မပြေဖြစ်ခဲ့ပြီး စထရာဘိုးအသင်းကို အနိုင်ရသည့်ပွဲအပြီးတွင်မူ အသင်းနှင့် လမ်းခွဲခဲ့ရခြင်းဖြစ် သည်။

ပိုချက်တီနိုက ”ဒီအသင်းက ကျွန်တော့်ရဲ့အသည်း နှလုံးထဲမှာ အမြဲတမ်းရှိတဲ့အသင်းဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒီအသင်းမှာ အံ့အားသင့်ဖွယ်အချိန်တွေကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒီအသင်းကို ရည်မှန်းချက်၊ နှိမ့်ချစိတ်၊ ဆာလောင်စိတ်တွေနဲ့ ကြိုးစားဖို့ ကျွန်တော် ပြန်လာခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular