မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိတို့အသင်းသည် ချန်ပီယံလိဂ်ဖလားတစ်လုံးကို ရယူထားပြီးဖြစ်သော်လည်း ယခုအချိန်အ ထိ ဘာမှ ထူးထူးခြားခြား လုပ်ပြခြင်းမရှိသေးကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဂွါဒီယိုလာက ”ကျွန်တော်တို့ ကလပ်အသင်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဖလားတစ်လုံးကို ရယူနိုင်ခဲ့တယ်ဆိုတာ အရမ်းကြီးမားတဲ့ အောင်မြင်မှုပါ။ ဒါပေမဲ့ တခြားရှုထောင့်တစ်ခုက ကြည့်ကြည့်ပါဦး။ ချန်ပီယံလိဂ်ဖလားတစ်လုံးကို ရယူနိုင်တယ်ဆိုတဲ့အသင်း ဘယ်လောက်တောင် များသလဲ။ ကျွန်တော်တို့ ဒီဖလားတစ်လုံးကို ရယူထားတယ်ဆိုရုံနဲ့တော့ ဘာကိုမှ ထူးထူးခြားခြား မလုပ်ပြရသေး ဘူးလို့ပဲ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အရမ်းဂုဏ်ယူစရာကောင်းခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကိုလည်း တစ်ခါမျှ ပြန်မကြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သူက ”ကျွန်တော် ပြန်မကြည့်ခဲ့ပါဘူး။ လုံးဝပါပဲ။ အင်တာမီလန်က ဘယ်လောက်တောင့်တင်းတဲ့ အသင်းလဲဆိုတာ သက်သေပြနိုင်ခဲ့ပါ တယ်”ဟု ပြောကြားခဲ့သည်။