ဘိုင်ယန်မြူးနစ်အသင်းသည် လီဗာပူးလ်အသင်းမှ ဆီနီဂေါတိုက်စစ်ကစားသမား မာနေကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း၊ Add-ons ကြေး ယူရို ငါးသန်းဖြင့် တတိယအကြိမ်ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဇွန်လ ၆ ရက်က မာနေကိုခေါ်ယူရန် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရပြီးနောက် နှစ်ရက်အကြာတွင် ပေါင် သန်း ၃၀ ဖြင့် ထပ်မံကမ်းလှမ်းမှုမှာလည်း ငြင်းဆန်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် အသက် ၃၀ နှစ်အရွယ်ရှိ မာနေ၏ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ (ပေါင် ၄၂.၈ သန်း)အထိ အလိုရှိနေသည်။ မာနေသည် လီဗာပူးလ်နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အသင်းမှထွက်ခွာရန် သေချာသလောက်ရှိသည်။