spot_img

မန်ယူအသင်း၏ အဆိုးရွားဆုံးခေါ်ယူမှုစာရင်းတွင် အလက်ဆစ်ဆန်းချက်ဇ် ထိပ်ဆုံးမှ ဦးဆောင်

ပရီးမီးယားလိဂ်အမည်ဖြင့် ပြောင်းလဲကျင်းပပြီးနောက်ပိုင်း မန်ယူအသင်း၏ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုစာရင်းကို ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ရာ ချီလီ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်က ထိပ် ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

မန်ယူအသင်းသည် ၂၀၁၆ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ရသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြု တော့မည်ဖြစ်ရာ Daily Mail သတင်းဌာနက ပရီးမီးယားလိဂ်ခေတ်တွင် အသင်း၏ အဆိုး ရွားဆုံးခေါ်ယူမှုများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

myan789

Daily Mail ၏ ဖော်ပြမှုအရ ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့တွင် ကွင်းလယ်လူ မစ်ခီတာရီယန်နှင့် အလဲအထပ်ပြုလုပ်၍ ခေါ်ယူခဲ့သူ အာဆင်နယ်အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်က ထိပ်ဆုံးနေရာမှ ဦးဆောင်ခဲ့သည်။ မန်ယူအသင်းသည် ဆန်းချက်ဇ်အား စံချိန်တင်လစာအဖြစ် တစ်ပတ်လျှင် ပေါင် ၅၆၀၀၀၀ အထိ ပေးချေခဲ့ရသော်လည်း ၎င်းမှာ တစ်ရာသီခွဲအတွင်း ၄၅ ပွဲကစား ငါးဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။

၎င်း၏နောက်တွင် ၂၀၁၄ နွေရာသီအပြောင်းအရွှေ့၌ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် ခေါ်ယူခဲ့သည့် တောင်ပံကစားသမား ဒီမာရီယာ၊ ၂၀၁၆ နွေရာသီအပြောင်း အရွှေ့၌ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ခေါ်ယူခဲ့သည့် ပေါ့ဘာတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

မန်ယူအသင်း၏ အဆိုးရွားဆုံးခေါ်ယူမှု ထိပ်ဆုံး ၁၀ ဦး

အမည် ယခင်ကလပ် ပြောင်းရွှေ့ကြေး

ဆန်းချက်ဇ် အာဆင်နယ် အလဲအထပ်

ဒီမာရီယာ ရီးယဲလ် ၅၉.၇ သန်း

ပေါ့ဘာ ဂျူဗင်တပ်စ် ၈၉ သန်း

ဖယ်လ်ကာအို မိုနာကို အငှား

ဘီဘီ ဂီမာရေ့စ် ၇.၄ သန်း

ရှဝိုင်းစတိုင်ဂါ ဘိုင်ယန် ၁၄.၄ သန်း

ဗာရွန် လာဇီယို ၂၈.၁ သန်း

မာစီယဲလ် မိုနာကို ၃၆ သန်း

ဟန်ရီကွက်ဇ် ယူနီဗာဆီဒက် ၄.၉၅ သန်း

ဒီပိုင်း PSV ၃၁ သန်း

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular